ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရှစ်ကြိမ်မြောက် သိပံ္ပနှင့်သင်္ချာပညာရေး ဆိုင်ရာ ဆွေးနွေးပွဲ အတွေ့အကြုံများ - အပိုင်း 4 ဒေါက်တာခင်မောင်ဝင်း (သင်္ချာ)
ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရှစ်ကြိမ်မြောက် သိပံ္ပနှင့်သင်္ချာပညာရေး ဆိုင်ရာ ဆွေးနွေးပွဲ အတွေ့အကြုံများ - အပိုင်း 4
ဒေါက်တာခင်မောင်ဝင်း (သင်္ချာ)
နောက်တင်ခဲ့သည့်စာတမ်းမှာ စင်္ကပူနိုင်ငံအမျိုးသားပညာရေးတက္ကသိုလ်မှ
ပါမောက္ခဒေါက်တာ တိုပီချွန်း (Dr.Toh Pee Choon)
The teaching of Problem Solving in Undergraduate Level (ဘွဲ့ကြိုသင်္ချာတွင်
သင်္ချာပုစ္ဆာများတွက်ချက်နည်းများကို သင်ကြားခြင်း) စာတမ်းကို ဖတ်ကြားခဲ့ပါသည်။
ဤစာတမ်းတွင်
M Pro SE (Mathmatical Problem Solving)
လူတိုင်းအတွက် သင်္ချာပုစ္ဆာများ တွက်နည်း- ဟူသော စာတမ်းကို ဘွဲ့ကြိုသင်္ချာကျောင်းသားများအတွက်
ဆီလျော်အောင် ပြုပြင်ခြင်းဖြစ်သည်ဟူ၍ စတင်ခဲ့သည်။ ဤစာတမ်း၏ ရည်ရွယ်ချက်မှာ သင်္ချာသဘောတရားများကို
လေ့လာရင်း သင်္ချာပြဿနာများ ဖြေရှင်းနည်းများကို အတူတွဲဖက်၍ လေ့လာသွားနိုင်ရန်ဖြစ်သည်။
ဤစာတမ်းအတွက်
မေးခွန်းမေးချိန်နှင့် ဆွေးနွေးချိန်သည် မရှိသလောက်နည်းသောကြောင့် မေးလိုသောမေးခွန်းတစ်ခုကို
မမေးဘဲထားခဲ့ရပါသည်။ ထိုမေးခွန်းမှာ သင်္ချာပုစ္ဆာများဖြေရှင်းနည်းများကို သင်ကြားရာတွင်
အလျင်အမြန်တွက်နိုင်ခြင်းကို ဘယ်လောက်ဦးစားပေးသင့်ပါသနည်း-ဟူ၍ဖြစ်သည်။ အခမ်းအနားမှူးက-
ဘာမေးစရှိပါသနည်း? ဟူ၍ မေးသော်လည်း၊ သူသည် နောက်တစ်ယောက်သို့ အမြန်ပြောင်းစေလိုသော
ဆန္ဒက စောနေသည်မှာ ထင်ရှားနေ၍ ကျွန်တော်လည်းမေးလိုစိတ်မရှိတော့ပါ။
ဒီဇင်ဘာလ
၆ရက်နေ့ တတိယနေ့အစီအစဉ်ကို နံနက် ၈နာရီ တွင် စတင်ပြီးခဲ့ပါသည်။ American
Mathematical Society မှ Professor Fairweather က Numerical Calculus in Approximate Solution
of Differential Equations
စာတမ်းကို ဖတ်ကြားပါသည်။
ထိုစာတမ်းတွင် ဤကဲ့သို့ စတင်ခဲ့ပါသည်။ ကိန်းဂဏန်းများဆိုင်ရာ
ကဲကုလသင်္ချာသည် ကဲကုလဆိုင်ရာပုစ္ဆာများကို ကိန်းဂဏန်းဆိုင်ရာနည်းများကိုသုံး၍ ဖြေရှင်းခြင်းဖြစ်သည်။
ထို့ကြောင့်( dy/dx) ၏ ခန့်မှန်းတန်ဖိုးများကို
ရှာနည်းများနှင့် ၄င်း တို့ integral
ခန့်မှန်းတန်ဖိုးများကို ရှာနည်းများသည် အလွန်အရေးပါပါသည်။ ဒစ်ဖရယ်ရှယ် ညီမျှခြင်းများကို
ဖြေရှာရာတွင်( dy/dx) ပါဝင်သောညီမျှခြင်းမှ y ကိုရှာခြင်းဖြစ်သည်။ အကယ်၍ y = f(x) ဖြစ်လျှင် dy = lim
f(x+h) – f(x)
dx h—0
h
, ဖြစ်သည်ကို
အားလုံးသိပြီးဖြစ်သည်။ သို့ရာတွင် သုညမဟုတ်သော h ၏ တန်ဖိုးများအတွက်
f(x+h) _
f(x) သည်
(dy)
h dx
၏ ခန့်မှန်းတန်ဖိုးဟု ဆိုနိုင်ပါသည်။ ထိုခန့်မှန်းတန်ဖိုးများကို
အဆင်ပြေသလိုသုံး၍ ဒစ်ဖရင်ရှယ်ညီမျှခြင်း၏ ခန့်မှန်းအဖြေကို ရှာသောနည်းများကို လေ့လာပါမည်။
ထို့နောက်
ပါမောက္ခ ဝယ်သာဘန်းသည် ဒစ်ဖရင်ရှယ်ညီမျှခြင်းများ၏ ခန့်မှန်းအဖြေရှာသောနည်းများကို ဖေါ်ပြသွားခဲ့ပါသည်။
သူဖေါ်ထုတ်သောနည်းများ၏ ထိရောက်မှုကိုလည်း လက်တွေ့အားဖြင့် ဖေါ်ထုတ်ပြသသွားပါသည်။
ပါမောက္ခ၏
ဝယ်သာဘန်း၏ စာတမ်းသည် အလွန်စိတ်ဝင်စားစရာကောင်းပါသည်။ ဤနေရာတွင် မေးစရာမေးခွန်းတစ်ခုပေါ်လာပါသည်။
ဒစ်ဖရင်ရှင်ညီမျှခြင်းများ ဖြေရှင်းနည်းသစ်များကိုဖေါ်ထုတ်ပြသသည့်အခါတွင် ထိုနည်း၏ ထိရောက်မှုကို
လေ့လာနိုင်ရန် အဖြေသိပြီးသားဖြစ်သော ဒစ်ဖရင်ရှယ်ညီမျှခြင်းများဖြစ်သည်။ dy/dx – 2y
= x ကဲ့သို့သော အဖြေသိပြီးသားညီမျှခြင်းများကို ဖြေရှင်းပြ၍၊
တကယ့်အဖြေနှင့် ခန့်မှန်းအဖြေများကို နှိုင်းယှဉ်ပြသခြင်းသည် ထိရောက်သော သင်ကြားနည်းတစ်ခုဖြစ်နိုင်ပါသလား-
ဟူ၍ မေးမြန်းချင်ပါသည်။ သို့သော် အချိန်မရှိသဖြင့် မေးမြန်းနိုင်ခြင်းမရှိခဲ့ပါ။
နောက်တင်သွင်းသော
စာတမ်းမှာ၊ ဘန်ကောက်မှ မာဟီဒိုတက္ကသိုလ်၊ သင်္ချာဌာနမှ ဒေါက်တာ ယုစကူ(လ)ခူ (Dr. Ruth
Skulkhu) ၏ Constracting a Royal Road to Mathematics for Undergraduatesး an
urgently needed mission ( သင်္ချာဘွဲ့ ကြိုကျောင်းသားများအတွက် သင်္ချာဆိုင်ရာတော်ဝင်လမ်း-
အမြန်အရေးတကြီးလိုအပ်နေသော လုပ်ငန်းကိစ္စ) ဖြစ်ပါသည်။
များကို ဖေါက်သည်ချပါသည်။ ဤနည်းများကို
သုံး၍၊ သင်္ချာ၏တော်ဝင်လမ်းဟု ခေါ်အပ်သော ထိရောက်သောနည်းလမ်းများ၊ သင်္ချာအတန်းများကို ပျော်စရာပင်ကောင်းစေသောနည်းလမ်းများ၊
ဥာဏ်ကွန့်မြူးစေသောနည်းလမ်းကောင်းများကို ဖေါ်ထုတ်ပြသသွားပါသည်။
ဆွေးနွေးချိန်တွင်
ကျွန်တော်က သင်္ချာသင်ကြားရာတွင် ထိရောက်မှုရှိစေမည့် တော်တော်လမ်းတွင် ရှိရမည့် အရည်အချင်းငါးခုကို ဆွေးနွေးတင်ပြပါသည်။
ထိုအရည်အချင်းငါးခုမှာ-
၁- သီအိုရီတစ်ခုကို ဥပမာများဖြင့် ပြသခြင်းကို
အလေးပေးခြင်း
၂- ပုစ္ဆာတပွက်နည်းအသစ်များကို ပြောသည့်အခါတိုင်း၊
အဖြေသိပြီးသားပုစ္ဆာများဖြင့် ချိန်ကိုက်၍ဖေါ်ပြခြင်း၊
၃- သင်္ချာသင်ရိုးများတွင် သင်္ချာဘာသာပမာဏ
နည်းနိုင်သမျှနည်းစေခြင်း၊
၎- အသုံးချနယ်ပယ်များကို အလေးပေးခြင်း၊
သို့ရာတွင် သင်္ချာကို အသုံးချသော ဘာသာရပ်တစ်ခုကို ပြောပြရာတွင်၊ သင်္ချာကိုအလေးမပေးဘဲ၊ ထိုဘာသာရပ်ကို
အလေးပေးခြင်း၊ ဥပမာ ဇီဝဗေဒတွင် အသုံးချခြင်းကို ပြောသောအခါ၊ သင်္ချာဘာသာကို နည်း၍၊ ဇီဝဗေဒဘာသာကို
များများပြောခြင်း၊
၅- သင်္ချာသမိုင်းသည် သင်ရိုး၏ အရေးပါသောအခန်းကပါဝင်စေပြီး၊
သင်္ချာအကြောင်းထက် သမိုင်းကိုဦးစားပေးခြင်း၊
ဤသည်ကား
သင်္ချာသင်ကြးခြင်း၏ တော်ဝင်လမ်းတွင် ပါဝင်သင့်သောအရာများဖြစ်ပါသည်။
ပါမောက္ခရီတာ
က ကျွန်တော်ေးပြာသောအချက်အလက်များကို မှတ်သားထားပြီး၊ သူ၏သင်္ချာသင်ကြားရေးကို ပိုကောင်းအောင်
ဆောင်ရွက်ပါမည်ဟု ဂတိပေးခဲ့သည်။ ထို့နောက် ကျွန်တော်စာရွက်ပေါ်တွင် ရေးသားထားသောမှတ်စုများကို
ဓါတ်ပုံရိုက်၍ ယူသွားပါသည်။
နောက်တင်သည့်
စာတမ်းမှာ ပြင်သစ်နိုင်ငံ၊ နိတက္ကသိုလ်မှ၊ ဂုဏ်ထူးဆောင်ပါမောက္ခ၊ မိုက္ကယ် ဂျန်ဘူ(Michel
Jambu) ၏ Geometry and Computer Vision ကွန်ပြူတာနှင့်
ဂျော်မေထရီအမြင်) ဖြစ်သည်။ ဤစာတမ်းတွင် ဤသို့ပြောကြားခဲ့သည်။
ဒိုင်မင်းရှင်း
နှစ်ခုရှိ (အလျား၊ အနံသာရှိသော) ပုံမှ ဒိုင်မင်းရှင်း သုံးခုရှိ( အလျား၊ အနံ၊ အမြင့်ရှိသော)
အရာဝတ္ထုကို ဖေါ်ထုတ်ခြင်းသည် လူအနေဖြင့် သိပ်မခဲယင်းသော်လည်း၊ ကွန်ပြူတာအဖို့ အလွန်ပင်
ခက်ခဲသော အလုပ်ဖြစ်ပါသည်။ ဤကိစ္စတွင် Projective Geometry ခေါ် ပုံရိပ်ချ ဂျော်မက်ထရီဘာသာကို
သုံးရပါသည်။ ဤစာတမ်းတွင် ဤဘာသာရပ်၏ မိတ်ဆက်အခြေခံများကို ဖေါ်ပြပါမည်။ ထို့နောက်ပုံရိပ်ချ
ဂျော်မက်ထရီမှ လိုအပ်သောအချက်အလက်များကို တင်ပြပြီး၊ ဒိုင်မင်းရှင်းပြောင်ခြင်းဆိုင်ရာတွင်
အသုံးချသော ကိရိယာများကို ဆောက်လုပ်ပါမည်။
ဤစာတမ်းသည်
အလွန်စိတ်ဝင်စားစရာကောင်းပါသည်။ သို့သော် မေးခွန်းများမေးရန်ပေးသောအချိန်မရှိသဖြင့်၊
မေးချင်သောမေးခွန်းများကို မေးခွင့်မရခဲ့ပါ။ ကျွန်တော်မေးလိုသောမေးခွန်းမှာ-
ပါမောက္ခကြီးအနေနဲ့၊
ဒိုင်မင်းရှင်းသုံးခုပါသော ကွန်ပြူတာဂိမ်း(3D Computer Game)များကို ကစားဖူးပါသလား?
ဤကွန်ပြူတာဂိမ်းများသည် စစ်တိုက်ကစားနည်းများဖြစ်သည်ဟု
ကြားဖူးပါသည်။ ထိုဂိမ်းများကို တည်ထွင်သော ဂျွန်ကါးမက်( John Carmack) ကို လူများက၊
အကြမ်းဖက်မှုနှင့် သေနတ်ပစ်မှုများသည် ထိုဂိမ်းများကြောင့် ဖြစ်သည်ဟူ၍ အပြစ်တင်ဝေဖန်ကြသည်။
ဤကိစ္စနှင့်ပတ်သက်၍ ဘယ်လိုမြင်ပါသလဲ?
နောက်တင်သွင်းသောစာတမ်းမှာ
ပါမောက္ခပေါ်လီစိုင်း (Prof. Polly W-Sy)ဖြစ်သည်။ ပါမောက္ခတင်သွင်းသော စာတမ်းမှာ ဖီဘိုနာစီ
ကိန်းစဉ်များ( Fibonacci Sequence) နှင့် အခြားကိန်းဂဏန်း ကိန်းစဉ်များ၏ ပုံစံမှာ ဤသို့ဖြစ်သည်။
1,1,2,3,5,8,13,21,34,55,….ဤကိန်းစဉ်၏
ကိန်းဂဏန်းတိုင်းသည် သူ့ရှေ့ကဂဏန်းနှစ်လုံး၏ ပေါင်းလဒ်ဖြစ်သည်။ ဥပမာ 1+1=2,
1+2=3, 3+5=8, 8+13=21, 13+21=34, 21+34=55, ………ဖြစ်သည်။ ထိုကိန်းစဉ်၏ တတိယကိန်းမှ
စတင်၍ ရရှိသောအချိုးများဖြစ် သော
2/3 , 3/5 , 5/8 , 8/13 ,
13/21 ,
တို့ကို ရွှေအချိုးများ (golden
ratios) ဟုခေါ်သည်။ ထိုအချိုးများအတိုင်း တည်ဆောက်ထားသော ထောင့်မှန်စတုဂံများကို ရွှေစတုဂံများ
golden rectangles ဟုခေါ်သည်။
ယင်းစတုဂံများသည်
အလွန်လှပပြီး၊ အချိုးကျသောစတုဂံများဖြစ်သည်ဟူ၍ သင်္ချာပညာရှင်များက ယုံကြည်ကြသည်။
ဤစာတမ်းနှင့်ပတ်သက်၍လည်း
မေးစရာရှိသော်လည်း၊ အချိန်မရှိသဖြင့် မမေးလိုက်ရသောမေးခွန်းတစ်ခုရှိပါသည်။ ၄င်းမှာ-
ကျွန်ုပ်တို့
အိမ်တွင်အသုံးပြုနေသော ရုပ်မြင်သံကြားစက်များကို ထောင့်ဖြတ်မျဉ်း၏ အလျားများဖြစ်ကြသော
20”
30” 40” စသည်ဖြင့်
တိုင်းတာကြသည်ကို တွေ့ရပါသည်။ ယင်းရုပ်မြင်သံကြားစက်များ၏ အလျားနှင့်အနံတို့ကို ကြည့်သော်၊
အလျားသည် အလွန်ရှည်နေသည်ကို တွေ့ရပါသည်။ အကယ်၍ ရုပ်မြင်သံကြားစက်များ၏ ဖန်သား၏ အလျားနှင့်အနံအချိုးကို ရွှေစတုဂံ၏ အချိုးများဖြင့်
တည်ဆောက်လျှင်၊ ပို၍ အချိုးကျ၊ လှပမည် ဖြစ်မည်ု ယူဆပါသလား?
နောက်တင်သွင်းသည့်စာတမ်းမှာ
မေသိရိသဇင်( တတိယနှစ်၊ COE ကျောင်းသူ၊ မန္တလေးတက္ကသိုလ်၏ The Mathematical Culture
in Myanmar ( မြန်မာနိုင်ငံ၏ သင်္ချာ ယဉ်ကျေးမှု) ဖြစ်သည်။ ဤ စာတမ်းတွင် ရှေးမြန်မာနိုင်ငံတွင်
သင်္ချာ၏အခန်းကဏ္ဍကို ဖေါ်ပြသွားပါသည်။ မြန်မာလူမျိုးတို့၏ နေ့စဉ်ဘဝတွင် ပါဝင်နေသော သင်္ချာသလောတရားများကို
ဖေါ်ပြသွားပါသည်။ ဥပမာအားဖြင့် အချိန်တိုင်းတာရာတွင် အသင်္ချေ၊ အသင်္ချာ၊ အလေးချိန်တိုင်းတာရာတွင်
ကျပ်သား၊ ပိဿာ၊ ထုထည်တိုင်းတာရာတွင် ပြည်၊ တင်း၊ အကွာအဝေးတိုင်းတာရာတွင် ယူဇနာ၊ စသည်တို့ကို
ပြောရင်း၊ ကမ္ဘာအရပ်ရပ်တွင် သုံးနေသောတိုင်းတာနည်းစနစ်များဖြင့် ဆက်သွယ်ပုံတို့ကို ပြောသွားပါသည်။
ဤစာတမ်း တွ င် ကျွန်တော်ကိုယ်တိုင်ပင် မဖြေနိုင်သော မေးခွန်းတစ်ခုကို
ဤကဲ့သို့မေးခဲ့ပါသည်။ ဆန်ရဲ့ထုထည်ကို တိုင်းတာရာမှာ တစ်ပြည်ကို ရှစ်လုံးလို့ကြားဖူးပါတယ်။
အိမ်တွေမှာထမင်းချက်တဲ့အခါမှာ နို့ဆီဘူးတစ်လုံး၊ နှစ်လုံးစသည်ဖြင့် တိုင်းတာကြပါတယ်။
ဒီနေရာမှာထူးဆန်းနေတာတစ်ခုက ပြည်၊ တင်း၊ အစစရှိတဲ့ တိုင်းတာမှုတွေဟာ ရှေးကျတဲ့စနစ်ေးတွဖြစ်ပါတယ်။
နို့ဆီဘူးဆိုတာက အခုသိပံ္ပ္ပတိုးတက်တဲ့ခေတ်မှာ ခေတ်သစ်တီထွင်မှုတစ်ခုဖြစ်ပါတယ်။
တစ်ပြည်ကိုရှစ်လုံး အားလုံးကလက်ခံထားကြပါတယ်။ အခုလို ရှေးကတည်းက ပေါ်ပေါက်ခဲ့တဲ့ အသုံးအနှုန်းနဲ့၊
အခုခေတ်တီထွင်ထားတဲ့ နို့ဆီဘူးဟာ၊ ဘယ်လိုလုပ်ပြီး ဆက်စပ်သွားတာလဲ
။ တိုက်ဆိုင်တာဆိုရင်လည်း ဒါကိုဘယ်လိုတွေ့တာလဲ၊
ဘယ်တုန်းက ဘယ်သူကတွေ့တာလဲ?
ဒီမေးခွန်းကတော့
အားလုံးအတွက် တွေးစရာတစ်ခုအနေနဲ့ဘဲ အဆုံးသတ်သွားပါတယ်။
နောက်တင်သွင်းသည့်
စာတမ်းမှာ ရန်ကုန်တက္ကသိုလ်သင်္ချာဌာနမှ ဒေါက်တာအေးပြုံး၏ ( )(တရုတ်စားကြွင်းသီအိုရမ်နှင့် အသုံးချပုံများ)
ဖြစ်သည်။
Remainder
Theorem ဟုခေါ်သော စားကြွင်းသီအိုရမ်သည် ယခုဆယ်တန်းအဆင့်သင်ရိုးတန်းထဲတွင် ပါဝင်သည်။
၎င်းသည် အက္ခရာသင်္ချာနယ်ပယ်ထဲတွင် ရှိပါသည်။ Clinese Remainder Theorem သည်ကား
Number Theory ဟုခေါ်သေသော ကိန်းဂဏန်းသီအိုရီနယ်ပယ်ထဲတွင် ပါဝင်ပါသည်။ ကိန်းဂဏန်းသီအိုရီနှင့်
ပတ်သက်၍ ဆရာဦးကိုကိုလေးပြောဖူးသောစကားတစ်ခုကို သတိရပါသည်။ သူကဆိုသည်မှာ ခက်ခဲတဲ့ သင်္ချာအတွေးအခေါ်တွေကိုလည်း
မလေ့လာဘဲ၊ အပေါင်း၊ အနှုတ်၊ အမြှောက်၊ အစားတက်ရုံနဲ့ သင်္ချာပညာရှင်ဖြစ်ချင်ရင်၊ ကိန်းဂဏန်းသီအိုရီကို
လေ့လာပါ၊ ကိန်းဂဏန်းသီအိုရီထဲက ဘယ်သူမှအဖြေမသိသေးတဲ့ ပုစ္ဆာတွေရှိပါတယ်။ ဒီတွေကိုကြိုးစားပြီး
အဖြေရှာပါ။ ဤသို့ဆိုပြီး၊ သင်္ချာပညာရှင် အွိုင်လာက ဖါးမက်၏အမေးကို ဖြေခဲ့ပုံကို ရှင်းပြလေးသည်။
Chinese
Rremainder Theorem ၏ အဆိုကိုနားလည်ရန်၊ relatively prime ဟုခေါ် ဝေါဟာရနှင့် x=y
(modm) ဟူသော ညီမျှခြင်း၏ အဓိပ္ပါကို
သိရပါမည်။
ကိန်းပြည့်နှစ်ခုသည်
relatively prime ဖြစ်သည်ဟူသည်ကား၊ ၄င်းတို့နှစ်ခုစလုံးကို စား၍ ပြတ်သောဂဏန်းသည် 1ပဲရှိသည်ဟု
ဆိုလိုသည်။ ဥပမာ 6 နှင့်7သည် relatively primeဖြစ်သည်။ ၄င်းတို့နှစ်ခုစလုံးကိုစား၍
ပြတ်သောဂဏန်းသည် 1တစ်ခုပဲရှိသည်။ သို့သော် 6 နှင့် 8သည် relatively prince မဖြစ်သည်။ ၄င်းတို့နှစ်ခုစလုံးကို
2 နဲ့ စား၍ ပြတ်သည်။
x=y
(modm)
ဟူသော
အဓိပ္ပါယ်မှာ x-y သို့မဟုတ် y-x ကို m နဲ့
စား၍ပြတ်သည်ဟုဆိုလိုသည်။ ဥပမာ 7=13 7
7=13(mod2) ဖြစ်သည်။ အကြောင်းမှာ 13-7=6 ကို 2 နဲ့စား၍ ပြတ်သည်။ Chinese
Remainder Theorem ၏ အဆိုမှာ ဤသို့ဖြစ်သည်။
b1 b2 b3 ……
bn တို့သည် ကိန်းပြည့်များဖြစ်ကြပြီ၊ m1
m2 m3 ………mn
တို့သည် relatively prince ဖြစ်သော ကိန်းပြည့်များဖြစ်ကြလျှင်
x=bi
(modmi ) , i= 1,2,…..n ဖြစ်စေမည့် x တစ်ခုတည်းရှိသည်။ ဆိုလိုသည်မှာ အကယ်၍
b1, b2,…. bn တို့သည် အတွဲလိုက် ဆခွဲကိန်း 1 သာရှိသော
(၄င်းတို့နှစ်ခုတိုင်းကို စား၍ ပြတ်သောဂဏန်းသည် 1တစ်ခုတည်းသာရှိသော) ကိန်းပြည့်များဖြစ်ခဲ့လျှင်
x-b1
ကို m1 ဖြင့် စား၍ ပြတ်စေသော
x-b2ကို
m2 ဖြင့် စား၍ ပြတ်စေသော
……..
x-bn
ကို mn ဖြင့်စား၍ပြတ်စေသော တစ်ခုတည်းသော ကိန်းပြည့် x ကို ရှာနိုင်လိမ့်မည်
ဟူ၏။
ဤအဆိုကို Chinese Remainder Theorem(တရုတ်စားကြွင်းသီအိုရမ်)
ဟုခေါ်၏။
ဤစာတမ်း၏အမည်ကို
Chinese Remaider Theorem နှင့် အသုံးချပုံများဟူ၍ ပေးထားခြင်းနှင့် ပတ်သက်၍ အနည်းငယ်ရှင်းရန်
လိုအပ်ပါသည်။
Chinese Remainder ၏ အဆိုကိုလေ့လာကြည့်သောအခါ၊
နောက်ဆုံးကောက်ချက်တွင်
x-b1 ကို m1 ဖြင့်
စား၍ ပြတ်သော
x-b2 ကို m2 ဖြင့်စား၍ပြတ်သော
…………………………………….
x – bn ကို……mn ဖြင့် စား၍
ပြ တ် သော ….
ကိန်းပြည့်
x တစ်ခုတည်းကို ရှာနိုင်သည်ဟူ၍သာ ဆိုထားသည်။ ယင်းတန်ဖိုးကို ဘယ်လိုရှာသည်ဟူသည်ကို ပြောမထားပါ။
ထို့ကြောင့်ဥာဏ်စမ်းပုဒ်စာများကို တွက်သည့်အခါ
Chinese Remainder Theorem က အဖြေရှိခြင်းကိုသာ အာမခံသည်ကို သတိပြုပါ။ အဖြေကိုဘယ်ရှာသည်
ဟု ပြောမထားပါ။
အောက်ပါဥာဏ်စမ်းပုစ္ဆာသည် ထိုအချက်ကို ကောင်းစွာပေါ်လွင်စေပါသည်။
ရန်ကုန်မှ မန္တလေးသို့ ခုတ်မောင်းသောရထား
နှစ်စင်းသည် တစ်နာရီမိုင် ၄၀ နှုံး၊ နှင့် တစ်နာရီ ၄၃မိုင် နှုံးတို့ဖြင့် အသီးသီး ခုတ်မောင်းကြသည်။
ပထမရထားဖြစ်သောတစ်နာရီမိုင် ၄၀နှုံးဖြင့်
မောင်းသောရထားသည် အချိန်နာရီအနည်းငယ်ကြာသော် မန္တလေးရောက်ရန် ၆မိုင်သာလိုတော့သည်။ ဒုတိယရထားဖြစ်သော
တစ်နာရီကို ၄၃မိုင်နှုံးဖြင့် မောင်းသောရထားသည် အချိန်အနည်းငယ်ကြာသော် မန္တလေးရောက်ရန်
၂၂မိုင်သာ လိုတော့သည်။ ရန်ကုန်နှင့် မန္တလေး၏ အကွာအဝေးကိုရှာပါ။ (အားလုံးသည် ကိန်းပြည့်များဖြစ်သည်။)
40 mph 6m
( ရန်
ကုန်
----------------------------------------------=---------x---------- မန္တ လေး
) 43 mph 22m
ရန်ကုန်နှင့် မန္တလေး အကွာအဝေး= x မိုင်ဖြစ်လျှင်
(x-6) ကို 40ဖြင့် စား၍ပြတ်သည်။
(x-22) ကို 43 ဖြင့် စား၍ပြတ်သည်
Chinese Remainder Theorem ထဲတွင်
b1
= 6 b2 = 22
m1
= 40 m2 = 43
ထိုအခါတွင်
40 နှင့်
43 တို့၏ ဗုံဆခွဲကိန်းသည် 1 တစ်ခုတည်းရှိ၏။
ထို့ Chinese Remaindre Theorm အရ
(x-6) ကို 40 ဖြင့်
စား၍ပြတ်သော
(x-22) ကို 43 ဖြင့် စား၍ပြတ်သော
ကိန်းပြည့် x တစ်ခုတည်းကို ရှာနိုင်သည်။
(x-6) ကို 40 ဖြင့်
စား၍ ပြတ်ပြီး (x-22) ကို 43 ဖြင့် စား၍ ပြတ်သောကြောင့်
(x-6)= 40a
(x-22)=43b
ဖြစ်စေမည့် ကိန်းပြည့်
a နှင့် b ကို ရှာနိုင်သည်။
ထို့ကြောင့်
40a+6= x
43b+22=x
ထို့ကြောင့်
X=40a+6 = 43b+22…….
ညီမျှခြင်း ကို
ပြေလည်စေမည့် ကိန်းပြည့် a နှင့် b ကိုရှာရန်
အောက်ပါအတိုင်း စမ်းသပ်ကြည့်မည်။
40 a + 6 43 b +
22
a=1 , 46 b=1 , 65
a= 2 , 86 b=2 ,
108
……………..
………………..
a= 9 , 366 b = 8 ,
366 ,
ဤစမ်းသပ်ချက်အရ
a =9 ဖြစ်လျှင်
40a+6= 366
b=8 ဖြစ်လျှင် 43b+22= 366
ထို့ကြောင့်
x= 40a+6
=43b+22= 366
ထို့ကြောင့် ရန်ကုန်နှင့်
မန္တလေးအကွာအဝေး= 366 မိုင်
ဤစာတမ်းပြီးသည့်နောက်၊
နောက်ဆုံးနေ့၏ ညနေပိုင်းအစီအစဉ်တွင် (
) (အစုလိုက်အဖွဲ့၏ ဆွေးနွေးပွဲ) နှင့်
ပိတ်ပွဲတို့ဖြစ်ပါသည်။ အစုလိုက်အဖွဲ့၏ ဆွေးနွေးပွဲအတွက် မေးလိုသည့်မေးခွန်းများကို
ကြိုတင်၍ တောင်းသောကြောင့် ကျွန်တော်မေးလိုသော မေးခွန်းကို နံနက်တွင်ပေးထားခဲ့ပါသည်။
ဆွေးနွေးပွဲတွင်
စင်ပေါ်၌ ပါမောက္ခရှစ်ယောက်လောက် တန်းစီ၍ ထိုင်နေကြပါသည်။ ဆွေးနွေးပွဲတွင်
ထိုပါမောက္ခရှစ်ယောက်က တလှည့်စီစကားပြောကြပါသည်။
သူတို့ဘာတွေပြောသည်ကိုတော့ ကျွန်တော် ဘာမှနားမလည်ပါ။ အချိန်အားဖြင့် တစ်နာရီကျော်ကြာသွားပါသည်။
ထို့နောက် စာတမ်းတင်သောသူများနှင့် အခမ်းအနားပြုလုပ်သောသူများကို ဂုဏ်ပြုလုပ်သော သူများကို
ဂုဏ်ပြုလက်မှတ်များပေးသည့် အချိန်မှာလည်း တစ်နာရီကျော်ကျော် ကြာပါသည်။
မေးခွန်းများဖြေချိန်သို့
ရောက်သော်၊ တက်ရောက်သူများကပေးထားသောမေးခွန်းများကို စလိုက်နဲ့ ထိုးပြပါသည်။ ကျွန်တော်မေးထားခဲ့သောမေးခွန်းမှာ
ဤသို့ဖြစ်ပါသည်။
သင်္ချာသင်ကြားရာတွင်၊
ကျောင်းသားအား အဖြေကိုရနိုင်သော လျင်မြန်နှုံးကို ဘယ်လောက်အလေးပေးသင့်ပါသည်။ အောက်ပါအဖြေများထဲမှ
တစ်ခုခုကို ရွေးပါ။
(၁) အနည်းငယ် ?
(၂) များများ ?
(၃) လုံးဝအလေးမပေးသင့်ပါ ?
ကျွန်တော်၏ ကိုယ်ပိုင်အယူအဆမှာ နံပါတ်(၃)
လုံးဝအလေးမပေးသင့်ပါ ဟူ၍ ဖြစ်ပါသည်။
မေးခွန်းကို
ဖြေကြားရာတွင် သင်္ချာသင်ကြားခြင်း၏ရည်ရွယ်ချက် အမျိုးမျိုးရှိပုံကိုသာ ပြောသွားခဲ့ပါသည်။
နောက်ဆုံးပိတ်ပွဲတွင် သင်္ချာ အသင်းနှင့် ဝိဇ္ဇာသိပ္ပံ ပညာရှင်အဖွဲ့၏ ဥက္ကဌက ဒေါက်တာသိမ်းမြင့်က၊
ရှေ့နှစ် ကိုးကြိမ်မြောက်ဆွေးနွေးပွဲကို မန္တလေးတက္ကသိုလ်တွင် ကျင်းပမည်ဖြစ်ကြောင်းကို
ကြေငြာခဲ့ပါသည်။
ဤသည်ကား၊
ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရှစ်ကြိမ်မြောက် သိပံ္ပနှင့် သင်္ချာပညာရေုးဆိုင်ရာ ဆွေးနွေးပွဲ၏ အတွေ့အကြုံဖြစ်ပါသည်။
The End
ဒေါက်တာ
ခင်မောင်ဝင်း(သင်္ချာ)
Comments
Post a Comment