ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရှစ်ကြိမ်မြောက် သိပံ္ပနှင့်သင်္ချာပညာရေး ဆိုင်ရာ ဆွေးနွေးပွဲ အတွေ့အကြုံများ - အပိုင်း 3 ဒေါက်တာခင်မောင်ဝင်း (သင်္ချာ)

ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရှစ်ကြိမ်မြောက် သိပံ္ပနှင့်သင်္ချာပညာရေး ဆိုင်ရာ ဆွေးနွေးပွဲ အတွေ့အကြုံများ -
 အပိုင်း 3
 ဒေါက်တာခင်မောင်ဝင်း (သင်္ချာ)



နောက်တင်ခဲ့သည့်စာတမ်းမှာ စင်္ကပူနိုင်ငံအမျိုးသားပညာရေးတက္ကသိုလ်မှ ပါမောက္ခဒေါက်တာ တိုပီချွန်း (Dr.Toh Pee Choon)  The teaching of Probem   Solving in Undergraduate  Maths (ဘွဲ့ကြိုသင်္ချာတွင် သင်္ချာပုစ္ဆာများတွက်ချက်နည်းများကို သင်ကြားခြင်း) စာတမ်းကို ဖတ်ကြားခဲ့ပါသည်။
          ဤစာတမ်းတွင် M Pro SE (Mathmatical Probem   Solving) လူတိုင်းအတွက် သင်္ချာပုစ္ဆာများ တွက်နည်း- ဟူသော စာတမ်းကို ဘွဲ့ကြိုသင်္ချာကျောင်းသားများအတွက် ဆီလျော်အောင် ပြုပြင်ခြင်းဖြစ်သည်ဟူ၍ စတင်ခဲ့သည်။ ဤစာတမ်း၏ ရည်ရွယ်ချက်မှာ သင်္ချာသဘောတရားများကို လေ့လာရင်း သင်္ချာပြဿနာများ ဖြေရှင်းနည်းများကို အတူတွဲဖက်၍ လေ့လာသွားနိုင်ရန်ဖြစ်သည်။
          ဤစာတမ်းအတွက် မေးခွန်းမေးချိန်နှင့် ဆွေးနွေးချိန်သည် မရှိသလောက်နည်းသောကြောင့် မေးလိုသောမေးခွန်းတစ်ခုကို မမေးဘဲထားခဲ့ရပါသည်။ ထိုမေးခွန်းမှာ သင်္ချာပုစ္ဆာများဖြေရှင်းနည်းများကို သင်ကြားရာတွင် အလျင်အမြန်တွက်နိုင်ခြင်းကို ဘယ်လောက်ဦးစားပေးသင့်ပါသနည်း-ဟူ၍ဖြစ်သည်။ အခမ်းအနားမှူးက- ဘာမေးစရှိပါသနည်း? ဟူ၍ မေးသော်လည်း၊ သူသည်မေးသောသူမရှိ၍ နောက်တစ်ယောက်သို့ အမြနပြောင်းစေလိုသော ဆန္ဒက စောနေသည်မှ ထင်ရှားနေ၍ ကျွန်တော်လည်းမေးလိုစိတ်မရှိတော့ပါ။
          ဒီဇင်ဘာလ ၆ရက်နေ့ တတိယနေ့အစီအစဉ်ကို နံနက် ၈နာရီ တွင် စတင်ပြီးခဲ့ပါသည်။
ကုလ) စာတမ်းကို ဖတ်ကြားပါသည်။
          ထိုစာတမ်းတွင် ဤကဲ့သို့ စတင်ခဲ့ပါသည်။ ကိန်းဂဏန်းများဆိုင်ရာ ကဲကုလသင်္ချာသည် ကဲကုလဆိုင်ရာပုစ္ဆာများကို ကိန်းဂဏန်းဆိုင်ရာနည်းများကိုသုံး၍ ဖြေရှင်းခြင်းဖြစ်သည်။ ထို့ကြောင့်    dy/dx ၏ ခန့်မှန်းတန်ဖိုးများကို ရှာနည်းများနှင့် integrate ခန့်မှန်းတန်ဖိုးများကို ရှာနည်းများသည် အလွန်အရေးပါပါသည်။ ဒစ်ဖရယ်ရှယ် ညီမျှခြင်းများကို ဖြေရှာရာတွင်     dy/dx ပါဝင်သောညီမျှခြင်းမှ  y ကိုရှာခြင်းဖြစ်သည်။ အကယ်၍ y = f(x) ဖြစ်လျှင် 
 dy =  lim  (f(x+h)-f(x)
 dx     h à0     h
ဖြစ်သည်ကို အားလုံးသိပြီးဖြစ်သည်။ သို့ရာတွင် သုညမဟုတ်သော h ၏ တန်ဖိုးများအတွက်    
   (f(x+h)-f(x)    သည်     dy
             h                     dx
၏ ခန့်မှန်းတန်ဖိုးဟု ဆိုနိုင်ပါသည်။ ထိုခန့်မှန်းတန်ဖိုးများကို အဆင်ပြေသလိုသုံး၍ ဒစ်ဖရင်ရှယ်ညီမျှခြင်း၏ ခန့်မှန်းအဖြေကို ရှာသောနည်းများကို လေ့လာပါမည်။
          ထို့နောက် ပါမောက္ခ ဝယ်သာဘန်းသည် ဒစ်ဖရင်ရှယ်ညီမျှခြင်းများ၏ ခန့်မှန်းအဖြေရှာသောနည်းများကို ဖေါ်ပြသွားခဲ့ပါသည်။ သူဖေါ်ထုတ်သောနည်းများ၏ ထိရောက်မှုကိုလည်း လက်တွေ့အားဖြင့် ဖေါ်ထုတ်ပြသသွားပါသည်။
          ပါမောက္ခ၏ ဝယ်သာဘန်း၏ စာတမ်းသည် အလွန်စိတ်ဝင်စားစရာကောင်းပါသည်။ ဤနေရာတွင် မေးစရာမေးခွန်းတစ်ခုပေါ်လာပါသည်။ ဒစ်ဖရင်ရှင်ညီမျှခြင်းများ ဖြေရှင်းနည်းသစ်များကိုဖေါ်ထုတ်ပြသသည့်အခါတွင် ထိုနည်း၏ ထိရောက်မှုကို လေ့လာနိုင်ရန် အဖြေသိပြီးသားဖြစ်သော ဒစ်ဖရင်ရှယ်ညီမျှခြင်းများဖြစ်သည်။        dy/dx -2y =x  ကဲ့သို့သော အဖြေသိပြီးသားညီမျှခြင်းများကို ဖြေရှင်းပြ၍၊ တကယ့်အဖြေနှင့် ခန့်မှန်းအဖြေများကို နှိုင်းယှဉ်ပြသခြင်းသည် ထိရောက်သော သင်ကြားနည်းတစ်ခုဖြစ်နိုင်ပါသလား- ဟူ၍ မေးမြန်းချင်ပါသည်။ သို့သော် အချိန်မရှိသဖြင့် မေးမြန်းနိုင်ခြင်းမရှိခဲ့ပါ။
          နောက်တင်သွင်းသော စာတမ်းမှာ၊ ဘန်ကောက်မှ မာဟီဒိုတက္ကသိုလ်၊ သင်္ချာဌာနမှ ဒေါက်တာ ယုစကူ(လ)ခူ (Dr. Ruth Skulkhu) ၏ Constracting a Royal Road to Mathematics for Undergraduatesး an urgently needed mission ( သင်္ချာဘွဲ့ ကြိုကျောင်းသားများအတွက် သင်္ချာဆိုင်ရာတော်ဝင်လမ်း- အမြန်အရေးတကြီးလိုအပ်နေသော လုပ်ငန်းကိစ္စ) ဖြစ်ပါသည်။
များကို ဖေါက်သည်ချပါသည်။ ဤနည်းများကို သုံး၍၊ သင်္ချာ၏တော်ဝင်လမ်းဟု ခေါ်အပ်သော ထိရောက်သောနည်းလမ်းများ၊ သင်္ချာအတန်းများကို ပျော်စရာပင်ကောင်းစေသောနည်းလမ်းများ၊ ဥာဏ်ကွန့်မြူးစေသောနည်းလမ်းကောင်းများကို ဖေါ်ထုတ်ပြသသွားပါသည်။
          ဆွေးနွေးချိန်တွင် ကျွန်တော်က သင်္ချာသင်ကြားရာတွင် ထိရောက်မှုရှိစေမည့် တော်တော်လမ်းတွင်  ရှိရမည့် အရည်အချင်းငါးခုကို ဆွေးနွေးတင်ပြပါသည်။ ထိုအရည်အချင်းငါးခုမှာ-
၁- သီအိုရီတစ်ခုကို ဥပမာများဖြင့် ပြသခြင်းကို အလေးပေးခြင်း
၂- ပုစ္ဆာတပွက်နည်းအသစ်များကို ပြောသည့်အခါတိုင်း၊ အဖြေသိပြီးသားပုစ္ဆာများဖြင့် ချိန်ကိုက်၍ဖေါ်ပြခြင်း၊
၃- သင်္ချာသင်ရိုးများတွင် သင်္ချာဘာသာပမာဏ နည်းနိုင်သမျှနည်းစေခြင်း၊
၎- အသုံးချနယ်ပယ်များကို အလေးပေးခြင်း၊ သို့ရာတွင် သင်္ချာကို အသုံးချသော ဘာသာရပ်တစ်ခုကို    ပြောပြရာတွင်၊ သင်္ချာကိုအလေးမပေးဘဲ၊ ထိုဘာသာရပ်ကို အလေးပေးခြင်း၊ ဥပမာ ဇီဝဗေဒတွင် အသုံးချခြင်းကို ပြောသောအခါ၊ သင်္ချာဘာသာကို နည်း၍၊ ဇီဝဗေဒဘာသာကို များများပြောခြင်း၊
၅- သင်္ချာသမိုင်းသည် သင်ရိုး၏ အရေးပါသောအခန်းကပါဝင်စေပြီး၊ သင်္ချာအကြောင်းထက် သမိုင်းကိုဦးစားပေးခြင်း၊
          ဤသည်ကား သင်္ချာသင်ကြးခြင်း၏ တော်ဝင်လမ်းတွင် ပါဝင်သင့်သောအရာများဖြစ်ပါသည်။
          ပါမောက္ခရီတာ က ကျွန်တော်ေးပြာသောအချက်အလက်များကို မှတ်သားထားပြီး၊ သူ၏သင်္ချာသင်ကြားရေးကို ပိုကောင်းအောင် ဆောင်ရွက်ပါမည်ဟု ဂတိပေးခဲ့သည်။ ထို့နောက် ကျွန်တော်စာရွက်ပေါ်တွင် ရေးသားထားသောမှတ်စုများကို ဓါတ်ပုံရိုက်၍ ယူသွားပါသည်။
          နောက်တင်သည့် စာတမ်းမှာ ပြင်သစ်နိုင်ငံ၊ နိတက္ကသိုလ်မှ၊ ဂုဏ်ထူးဆောင်ပါမောက္ခ၊ မိုက္ကယ် ဂျန်ဘူ(Michel Jambu) ၏ Geometry and Computer Vision  ကွန်ပြူတာနှင့် ဂျော်မေထရီအမြင်) ဖြစ်သည်။ ဤစာတမ်းတွင် ဤသို့ပြောကြားခဲ့သည်။
          ဒိုင်မင်းရှင်း နှစ်ခုရှိ (အလျား၊ အနံသာရှိသော) ပုံမှ ဒိုင်မင်းရှင်း သုံးခုရှိ( အလျား၊ အနံ၊ အမြင့်ရှိသော) အရာဝတ္ထုကို ဖေါ်ထုတ်ခြင်းသည် လူအနေဖြင့် သိပ်မခဲယင်းသော်လည်း၊ ကွန်ပြူတာအဖို့ အလွန်ပင် ခက်ခဲသော အလုပ်ဖြစ်ပါသည်။ ဤကိစ္စတွင် Projective Geometry ခေါ် ပုံရိပ်ချ ဂျော်မက်ထရီဘာသာကို သုံးရပါသည်။ ဤစာတမ်းတွင် ဤဘာသာရပ်၏ မိတ်ဆက်အခြေခံများကို ဖေါ်ပြပါမည်။ ထို့နောက်ပုံရိပ်ချ ဂျော်မက်ထရီမှ လိုအပ်သောအချက်အလက်များကို တင်ပြပြီး၊ ဒိုင်မင်းရှင်းပြောင်ခြင်းဆိုင်ရာတွင် အသုံးချသော ကိရိယာများကို ဆောက်လုပ်ပါမည်။
          ဤစာတမ်းသည် အလွန်စိတ်ဝင်စားစရာကောင်းပါသည်။ သို့သော် မေးခွန်းများမေးရန်ပေးသောအချိန်မရှိသဖြင့်၊ မေးချင်သောမေးခွန်းများကို မေးခွင့်မရခဲ့ပါ။ ကျွန်တော်မေးလိုသောမေးခွန်းမှာ-
          ပါမောက္ခကြီးအနေနဲ့၊ ဒိုင်မင်းရှင်းသုံးခုပါသော ကွန်ပြူတာဂိမ်း(3D Computer Game)များကို ကစားဖူးပါသလား? ဤကွန်ပြူတာဂိမ်းများသည်  စစ်တိုက်ကစားနည်းများဖြစ်သည်ဟု ကြားဖူးပါသည်။ ထိုဂိမ်းများကို တည်ထွင်သော ဂျွန်ကါးမက်( John Carmack) ကို လူများက၊ အကြမ်းဖက်မှုနှင့် သေနတ်ပစ်မှုများသည် ထိုဂိမ်းများကြောင့် ဖြစ်သည်ဟူ၍ အပြစ်တင်ဝေဖန်ကြသည်။ ဤကိစ္စနှင့်ပတ်သက်၍ ဘယ်လိုမြင်ပါသလဲ?
          နောက်တင်သွင်းသောစာတမ်းမှာ ပါမောက္ခပေါ်လီစိုင်း (Prof. Polly W-Sy)ဖြစ်သည်။ ပါမောက္ခတင်သွင်းသော စာတမ်းမှာ ဖီဘိုနာစီ ကိန်းစဉ်များ( Fibonacci Sequence) နှင့် အခြားကိန်းဂဏန်း ကိန်းစဉ်များ၏ ပုံစံမှာ ဤသို့ဖြစ်သည်။
          1,1,2,3,5,8,13,21,34,55,….ဤကိန်းစဉ်၏ ကိန်းဂဏန်းတိုင်းသည် သူ့ရှေ့ကဂဏန်းနှစ်လုံး၏ ပေါင်းလဒ်ဖြစ်သည်။ ဥပမာ 1+1=2, 1+2=3, 3+5=8, 8+13=21, 13+21=34, 21+34=55, ………ဖြစ်သည်။ ထိုကိန်းစဉ်၏ တတိယကိန်းမှ စတင်၍ ရရှိသောအချိုးများဖြစ်သော်
    2/3 ,  3/5   ,  5/8  , 8/13   ,  13/21  ,
တို့ကို ရွှေအချိုးများ (golden ratios) ဟုခေါ်သည်။ ထိုအချိုးများအတိုင်း တည်ဆောက်ထားသော ထောင့်မှန်စတုဂံများကို ရွှေစတုဂံများ golden rectangles  ဟုခေါ်သည်။

          ယင်းစတုဂံများသည် အလွန်လှပပြီး၊ အချိုးကျသောစတုဂံများဖြစ်သည်ဟူ၍ သင်္ချာပညာရှင်များက ယုံကြည်ကြသည်။
          ဤစာတမ်းနှင့်ပတ်သက်၍လည်း မေးစရာရှိသော်လည်း၊ အချိန်မရှိသဖြင့် မေးလိုက်ရသောမေးခွန်းတစ်ခုရှိပါသည်။ ၄င်းမှာ-
          ကျွန်ုပ်တို့ အိမ်တွင်အသုံးပြုနေသော ရုပ်မြင်သံကြားစက်များကို ထောင့်ဖြတ်မျဉ်း၏ အလျားများဖြစ်ကြသော   20”    30”  40”              စသည်ဖြင့် တိုင်းတာကြသည်ကို တွေ့ရပါသည်။ ယင်းရုပ်မြင်သံကြားစက်များ၏ အလျားနှင့်အနံတို့ကို ကြည့်သော်၊ အလျားသည် အလွန်ရှည်နေသည်ကို တွေ့ရပါသည်။ အကယ်၍ ရုပ်မြင်သံကြားစက်များ၏  ဖန်သား၏ အလျားနှင့်အနံအချိုးကို ရွှေစတုဂံ၏ အချိုးများဖြင့် တည်ဆောက်လျှင်၊ ပို၍ အချိုးကျ၊ လှပမည် ဖြစ်မည်ု ယူဆပါသလား? 

(ဆက်ရန်) 

Comments