နှစ်တစ်၇ာပြည်.
တက္ကသိုလ်ရွှေရီဝင်း
မေ လ (၉ )ရက်နေ.မှာ မေမေဒေါ်ခင်မျိုးချစ်နဲ.ဘဘဦးခင်မောင်လတ်တို.ရဲ.
အသက်(၁၀၀)ပြည်.အထိမ်းအမှတ်ကို မေမေတို.ဘဘတို.နေထိုင်သွားတဲ. ပြည်ရိပ်သာလမ်းက အိမ်လေးမှာ
လုပ်ဖြစ်သွားပါတယ်။
ကိုယ့်ယောက္ခမမိဘရဲ့
နှစ်တစ်ရာပြည့်မွေးနေ့လေးကိုကျင်းပဖြစ်တာကိုလည်းဝမ်းသာမိပါတယ်။မေမေတို.ရှိစဉ်က
၁၃ နှစ် တိုင်တိုင် ထမနဲပွဲ ကျင်းပ ခဲ့ တဲ့ပြည်ရိပ်သာခြံလေးမှာအခုလိုမေမေတို့ရဲ့မွေးနေ့လေးကျင်းပဖြစ်ပါတယ်။
သမီးဂျူနီယာဝင်းက ဘဘနဲ.မေမေတို.ရဲ.အထ္ထုပ္ဗတ္တိကို၂၀၁၄မှာသူကိုယ်တိုင်ရေးဖို.ပြင်ဆင်ပါတယ်။
အချိန်တနှစ်နီးပါးကြာခဲ.ပါတယ်။ သူ.ရဲ.အမွှာအစ်ကိုကိုလည်း ကာတွန်းပုံနဲ.ပန်းချီကောက်ကြောင်းလေးတွေ
အခန်းတစ်နဲ.တစ်ခုကြားဖြည်.ဖို.ဆွဲခိုင်းပါတယ်။အဖေနဲ.အမေကိုတော.သူလိုသမျှအချက်အလက်တွေဓါတ်ပုံတွေ
စုခိုင်းပါတယ်။ဒါကြောင်.လည်းဂျူနီယာဝင်းရဲ.အါးထုတ်မှု.နဲ.’A Memory of My
Grandparents’ ထွက်လာတာဖြစ်ပါတယ်။
သါးမောင်ရစ်ကတော.သူ.စိတ်ကူးနဲ.မေမေတို.ဘဘတို.ရဲ.ခေတ်ပြိုင်မိတ်ဆွေများအမှတ်တရဓါတ်ပုံတွေစုပါတယ်။သူအချိန်မှီပြီးမပြီ်းတော.မသေချာလှပါဘူး။ဒီတော.မေမေမွေးနေ.မေလ(၁)ရက်နေ.အစါးမေလ(၂)ရက်နေ.မှာပြည်ရိပ်သာလမ်းအိမ်မှာဝိဇောတာရုံဆရာတော်ကိုပင်.ပြီးဘုရားအနေကဇာတင်ပြီးမိသားစုစုံစုံလင်လင်အာရုဏ်ဆွမ်းကပ်ပါတယ်။
အဲဒီမေလ (၂) ရက်နေ့က
နေ တကယ်ကျင်းပတဲ့မေလ (၉ ) ရက်ကြားမှာလုပ်စရာတွေအကုန်လုပ်ရပါတယ်။ ကူညီတဲ့ဆွေမျိုးမိတ်ဆွေအပေါင်းအသင်းတွေ
သူငယ်ချင်းတွေ အိမ်နိးချင်းတွေ ပံ့ ပိုးမှုကြောင့်အခု လိုချောမောတယ်လို့ ထင်ပါတယ်။
မိသားစုတွေစိတ်ထဲမှာ အာရုံများနေတာကသမီးဂျူ နီယာဝင်းရေးတဲ့ အထုပ္ဗတ္တိစာအုပ်ကို လာတဲ့ဧည့်သည်အားလုံးကိုလက်ဆောင်ပေးဖို့
ပါ ပဲ ။ဒါဟာမေမေနဲ့ဘဘတို့ကိုယ် စားစာ ရေးသူတို့မိသားစုရဲ့စေတနာပါဘဲ။မေမေနဲ့ဘဘတို့ရဲ့ဖြတ်သန်းလါခဲ့တဲ့အကြောင်းလေးတွေကိုသိစေချင်တယ်၊မှတ်တမ်းတင်ပေးခဲ့
ချင်တဲ့ဆန္ဒအပြည့် နဲ့ ပါ။
နောက်တစ်ခုကမောင်ရစ်ရဲ့ ဓါတ်ပုံပြ ပွဲပါဘဲ။ဓါတ်ပုံပေါင်း
(၈၀) ကျော်စုဆောင်းပြီးလှည်းတန်းထိပ်မှာဘောင်တွေအပ်ရပါ တယ်။ ပြီး တော့မှဓါတ်ပုံအောက်မှာ စာရေးဆရာ၊လူပုဂ္ဂိုလ်တို့
ရဲ့နာမည်နဲ့ မွေးသက္ကရာဖ်တွေ စသည်ဖြင့်ဖြည်ရပါတယ်။ဓါတ်ပုံပြ
ပွဲလေးက ကြည်နူးစရာမြင်ကွင်းလေးဖြစ်ခဲ့ပါတယ်။ဘဘကသူ့ခြံလေးထဲလမ်းရှောက်ရင်း ပရိတ် ရွတ်ရတာကိုသိပ်ကိုကျေနပ်ခဲ့တာကိုလည်းမှတ်မိနေပါတယ်။ဒါကြောင့်လည်းအိ မိကိုခြံနောက်
မှာ ဆောက်ပြီးခြံရှေ့ မှာလေဟာပြင်ထားပါတယ်။အခုဘဘလမ်းရှောက်ပြီးပရိတ်ရွတ်တဲ့နေရာလေးမှာမြေးဖြစ်သူကဘဘတို့မေမေတို့ရဲ့
ခေတ်ပြိုင်မိတ်ဆွေများလို့ နာမည်တပ်ပြီးဓါတ်ပုံ ပြပွဲ လုပ်ပါတယ်။
ဒီတော့ဂျူနီယာဝင်းကအဖိုးအဖွားအမှတ်တရစာအုပ်ေ၇းပြီးမေမေတိုဘဘတို့
မိတ်ဆွေတွေ
ကိုလက်ဆောင်ပေးမယ်မောင်ရစ်ကအဖိုးအဖွားရဲ့ ခေတ် ပြိုင်မိတ်ဆွေ တွေရဲ့ ဓါတ် ပုံတွေဲပြမယ်၊နောက်ပြီးသူနဲ့သူ့အပေါင်းအသင်းရောင်းရင်းတွေအွန်လိုင်းပေါ်မှာတင်နေတဲ.မိုးမခဂျာနယ်မေလထုတ်ကိုလက်ဆောင်ပေးမယ်။စာရေးဆရာမိသါးစုရဲ.တတိယမျိုးဆက်ဆန္ဒနဲ.အကောင်အထည်ဖော်တါဖြစ်ပါတယ်။
ဘယ်သူတွေကိုဖိတ်မှာလဲ။မေမေတို.ဘဘတို.ရဲ.မိတ်ဆွေတွေ၊မေမေတို.ဘဘတို.ရဲ.စာတွေနဲ.လူပုဂ္ဂိုလ်ကိုလေးစါးတဲ.ဘယ်သူမဆိုလာလို.ရတယ်လို.ပြောပါတယ်။တစ်ချို.ကလည်းမေမေဒေါ်ခင်မျိုးချစ်ကမေလ(၁)ရက်မွေးတါသိလို.လါမှာပဲလို.သူတို.ထင်ပါတယ်။ဒီပွဲလေးကိုတပတ်အတွင်းဆွမ်ကျွေးတာရောမွေးနေ.ပွဲပါတက်သုတ်ရိုက်ပြီဲးပြင်ဆင်ကြပါတယ်။
ဒီလောက်အလုပ်များတဲ့ကြားမှာအစာရေးသူကလာတဲ့ဧည်တွေကို
တစ်ယောက်နဲ့ တစ်ယောက်မစိမ်းအောင်၊သိအောင် ရင်ပတ်မှာနာမယ်ကဒ်ပြားလေးတွေက ပ ပေးဖို့်စိတ်ကူးပေါ်လာပါတယ်။ဒီ စိတ်ကူးကိုသားမောင်ရစ်ကသဘောတူပါတယ်။ကိုယ်ကိုယ်တိုင်စာရေးဆရာတွေနဲ.တွေရင်စိတ်ထဲမှာ
“ သူကဘယ်သူလဲ “ ဆိုတဲ့စိတ်နဲ့တခါတလေလည်းနှုတ်ကအသံထွက်ပြီး မေးဖြစ်ခဲ့သိခဲ့၊တခါတလေမေးရမှာအားနာလို့မမေးခဲ့လို့
မသိခဲ့ရတာများပါတယ်။ဒီတော့မေမေတိုဘဘတို့မိတ်ဆွေဟောင်းတွေမိတ်ဆွေသစ်တွေအတွက်ရင်ဘတ်မှာကပ်ဖို့ ကဒ်ပြားလေးတွေလုပ် ပေးပါတယ်။အခုလို ကွန်ပျူတာတွေနဲ့ ခေတ်မှီနေတဲ့ အချိန်ဆိုတော့ တူမလေးခင်သစ္စာကအဲဒီကွက်လပ်ကို ဖြည့် ဖို့
ကဒ်ပြားလေးတွေလုပ်ပေးပါတယ် ။ အဒီကဒ်ပြား ပေါ်မှာ နာမည်ရေးတာ ၊ ရင်ပတ်မှာ ကပ်ဖို့ ကတော့သားနဲ့
ချွေးမမေသန်းဌေး တို့ မိတ်ဆွေ မယု နဲ့ အိမ်ရှေ့
အိ မ် က ခင်ပြေ ညိမ်း တို့ ကို တာ ၀န်ပေးရ ပါတယ် ။ တ ကယ်က သူတို့ နှစ် ယောက် ကိုဧည့်
မှတ်တမ်းရေးဖို့ နဲ့ စာအုပ်လက်
ဆောင်ပေးဖို့ တာဝန်ပေးထားတာပါ။ ဒါပေမယ့် ရာထား
တဲ့တူမလေး
ဒေါက် တာနိနိ စိုး မင်း ကနေမကေါင်းတော့မယုနဲ့
ခင်ပြေညိမ်း က တာဝန် အား လုံးကို
ယူရ ပါတော့ တယ်။
အဲဒီနေ့ ကတော့ကဒ် ပြားတပ်ထားတဲ့ ဧည့် သည်တွေကို
ကြည့် ပြီးကိုယ်ကိုယ်တိုင် လူသစ်တွေကို သိရလို့ ၀မ်းသာရပါတယ်။တကယ်တော့မီဒီယာသမားတွေ ကလွဲ ရင်တော့ သိတဲ့လူတွေ များပါတယ်။ မောင်ရစ်ရဲ့ ရောင်းရင်းတွေလည်းလာကူကြ တာပျော် စရာပါဘဲ။ သူကျောင်းတက် တုန်းကတွဲခဲ့တဲ့ သူငယ်ချင်းတွေ ပြန်
တွေ့ ရ တာလည်း ဖြစ်ပါ တယ် ။
ပို ပြီးဝမ်း သာ ကြည်နူးရတာတော့ မေမေတို့ ဘဘ တို့ ရဲ့ လုပ်ဖော် ကိုင်ဖက် ၊ မိတ် ဆွေ ဟောင်း တွေ ရဲ့ ဆွေ မျိုးတွေ၊ မိသားစုတွေ
တက်ေ၇ာက် ကြတာ ကိုတွေ့ ရလို့ ပါ ပဲ။
မေမေနဲ့ ဘဘ တို့ က ကို ကြီးနုလို့ ခေါ် ပြီးလေးစားခဲ့တဲ့ဝန် ကြီးချုပ် ဦးနုရဲ့ သမီးသန်းသန်းနု နဲံ့ သူ့ ခင်ပွန်း
ဦးအောင် ငြိမ်း ၊ မေမေ ရဲ့အထက်အရာရှိ ဗိုလ်လက်ျာ ရဲ့ သမီးဒေါက်တာခင်လက်ျာ ၊ မေမေက ကိုကျော် ငြိမ်း
လို့ ခေါ် တဲ့ ဦး ကျော် ငြိမ်း ရဲ့ သ မီးချို
ချိုကျော် ငြီမ်း ၊နောက် ပြီး မေမေ နဲ့ ဘဘ
က ကို ဘသန်း လို့ ခေါ်တဲ့ ဓမ္မိ က ဘသန်း ရဲ့ သမိးနဲ့
သား ဒေါ်ခင်သန်းအေး ၊ ဒေါ်ခင်မျိုး မြင့်
နဲ့ ဦးခင်မောင်ဌေး မေမေတို့
ကကို ကြီး နတ် လိုခေါ်သလို ကိုထိန်ဝင်းလိုခေါ်တဲ သခ င် ထိန် ၀င်း ရဲ့ မြေး
မအေးချမ်း နဲ့ မြစ်ကလေး ရွေ ရည်ဝင်းလဲ့
၊ဦးထွန်းတင်( မန်း တင် ) ရဲ့ သမီးချို ချိုတင်(မစန္ဒာ ) တို့ လာ ကြပါတယ်။
မိဘတွေမရှိပေမယ့်မိဘရဲ့ သံယောဇဉ်ရှိခဲ့ တဲ့လုပ်ဖေါ် ကိုင်ဖက်လူ ကြီးတွေရဲ့
ပွဲကို သတိတရ နဲ့ လာကြလို့ စာရေးသူတို့မိသားစု ကကျေးဇူးတင်မိ ပါတယ်။
မေမေတို့ ဘဘတို့နဲ့ ခေတ်ပြိုင်မဟုတ်ပဲ
သားမြေးတပည့်တွေလည်းလာကြတာ မှတ်တမ်းတင်ရမှာပါ ။ မေမေ နဲ့ ဘဘရဲ့ တူသားလို
ခင်မင်ပြီး ကိုခင်မောင်ဝင်း ကိုယ် တိုင်
ခင်မင်တဲ့ ကိုကိုရစ်ချပ် လို့ ခေါ် တဲ့ ဦး ၀င်းဖေ( မြဇင် ) ကဘီးတပ်ကုလားထိုင်
နဲ့ လာရောက်ခဲ့ ပါတယ်။သူရဲ့အသက်က ၈၈ နှစ်ဖြစ်ပါတယ်။ သူ့ ရဲ့ ပညာကိုဘဘ နဲ့မေမေ ကတဖွဖွနဲ့ချီး မွမ်းခဲ့တာပါ။ သူနဲ့အတူတူ မေမေတို့ချိးမွမ်းခဲ့တာက ဦးသာနိုးနဲ့ ကိုကျော်ထွန်း(ဓါတုဗေဒ ပါမောက္ခ)
ဆိုတာမှတ်မိနေပါတယ်။ဦးဝင်းဖေက မှတ်ဥာဏ်အလွန်ကေါင်းပြီး လာတဲ့လူတွေ
ကိုသူမှတ်မိပြီး နှုတ်ဆက်ပါတယ်။ ဦးဝင်ဖေထက် တစ် နှစ်ကြီးတဲ့်ဦးတင်ဦး(၈၉ နှစ်)
လည်းအစောကြီး ရောက်လာပြိး အမှတ်တရစာတွေ ရေးပေးပါတယ်။NLD ပါတီက ဦးတင်ဦးဟာမေမေဒေါ်ခင်မျိုးချစ်ရဲ့မောင်ဦးသိန်းမောင် ၊ ဦိးသိန်းအောင် (ဦးလွင်) တို့ တွေကို ကောင်းကောင်း သိ ကျွမ်းခင်မင်ခဲ့တာဖြစ်လို့ အမှတ်တရစကါး
ပြောတဲ့ဆီမှာ ထည့် ပြော ပါတယ်။မေမေဂျပန်ခေတ်က စစ်ယူနီဖောင်း
ဝတ်ပြီးဗိုလ်ချုပ်အောင်ဆန်းနောက်က
staff officer အဖြစ်လိုက်ရတယ်ဆိုတာ ကို သူပြောပြလို့ သိခဲ့ရပါတယ်။မေမေ နဲ့ ဘဘ ကတစ်ခါမှ ပြောမသွားတဲ့ အကြောင်း ဖြစ် ပါတယ်။
မေမေနဲ့ဘဘတို့က တကယ်ကရန်ကုန်သူရန်ကုန် သားတွေ မဟုတ် ကြပါဘူး။မေမေက စစ်ကိုင်းက၊ဘဘ က မုံရွာက
ဖြစ်ပါတယ်။ရန်ကုန်မှကြီးကြတာ လို့ ပြောပါတယ်။ သင်္ချာဆရာကြီးကို ရန်ကုန်မှာမွေးတာဖြစ် ပါတယ်။ဘဘနဲ့ မေမေက သူတိုကိုသူတို့
ကိုယ် သူ တို့ ကိုယ် သူတို့ အထက်ဗမာပြည်က အောက်ဗမာပြည် က ဆိုပြီးမပြောဖူးပါဘူး။ အညာသူအညာသား တွေဆိုတာကိုတော့ သူတို့ မက်မက်မောမော ကြိုက်နှစ်သက်တဲ့ အညာစာတွေအကြောင်း ပြု ပြီး ပြော တတ်ပါ တယ်။
သားမောင်ရစ်နဲ့ မိုးမခ နာယက ကြီး ဦး မိုးသူ
၊ ကလေးတွေကသိပ်သဘောကျပြီး မ မြင်ဖူးသေးတဲ့ ဦးဇော်ဇော် အောင် တို့ လည်းလာ
ကြ ပါတယ်။မေမေတို့ ရဲ့ အချစ်တော် ဒိုင်းခင်ခင်ဒေါ်လှသန်းရဲ့ သားကျော်ကျော်မင်း၊အပြင် မေမေတို့ မိတ်ဆွေ လင်းယုန်
မောင် မောင် ရဲ့ သားသား ကြီးမောင်ဇေယျ၊
မေမေဆုံးခါနီးအထိမေမေ့ ဆီ အ မြဲရောက်လာပြီး စကါး ပြောတဲ့ ဗိုလ် ထိန်လင်း( ဗိုလ်တစ်ထောင်) ရဲ့ သားကိုမော်လင်း ၊ မေမေ နဲ့ ဘဘ ကို ခိုလှုံ့ ရာပေးခဲ့တဲ့ သံတတားလမ်းက ဖွားဖွား ဒေါ် သေးသေးရဲ့ သား ဥိးစံတင် နဲ့ မမ၀င်း ၊ (ဘဘနဲ့အတူ ဂျပန်ခေတ်က နိုငံခြားရေးရုံး မှာလုပ်ခဲ့တဲ့ဒေါ်သန်းခင်ခေါ် မမခင် က မတ်လ ၂၀ ရက်နေ့
မှာကွယ်လွန်သွားပါတယ်။မမခင်ဟာမေမေတိုဘဘတို့ အကြောင်းတွေကိုအသေးစိတ် မှတ်မိပြီးပြော ပြ သူလည်းဖြစ်ပါတယ်။မမခင်လိုဘဲ မေမေနဲ့
ဘဘ တို့ အကြောင်းကို ပြောပြ တတ်တဲ့ မမတင်ကတော့ မလာနိုင် ခဲ့ပါဘူး။သူလည်းအသက်
၈၀ ကျော် ၉၀ နိးပါ ပြီ ။ ဒါပေမယ့် မမတင် ကျန်းမာရေး အလွန်ကေါင်းသူပါ။ ) သံတတားလမ်း ရဲ့အ မျိုး ဖြစ်တဲ့ ဦးအေးမောင်(စာပေဗိမာန်) နဲ့ မမရင်(ဒေါ်သေးသေးဧ။် သမီး ကြီး) တို့
ရဲ့ သား ကို လှတိုး(ရန်အောင်စာပေ)နဲ့ မြေး ပြည့် ကျော် တို့ လည်းလာ ကြပါ
တယ်။ ရန်အောင်စာပေက သမီးဂျူနိယာဝင်း ရဲ့ A Memory of My Grandparents စာအုပ်
ထွက် အောင်လုပ်ပေးသူတွေ ဖြစ် ပါတယ်။)
ဘဘတို့ မေမေတို့ ရဲ့ တပည့်တွေ ၊ မိတ်ဆွေ
တွေ အကြောင်းပြီးတော့ ဆွေမျိုးတွေ အကြောင်း ကိုရောက် လာပါ ပြီ ။ဘဘ ရဲ့ အစ်ကိုအကြိးဆုံးဦးဘသော်
(ပုလိပ်အရာရှိတစ်ဦး) ရဲ့ သမီးဦးစိန်ခင်မောင်ရဲ.ညီမဒေါ်စန်းစန်း(
ဆိပ်ကမ်းအမတ်)၊ ဒေါ်စန်းစန်းရဲ့အမ ဒေါ်မြင့်မြင့်သော် ရဲ့သမီး မမူ ၊ဒေါ်စန်းစန်း ရဲ့
မောင် မ န္တလေးက ဦးခင်မောင်နီ နဲ့ ဇနီးဒေါ်ခင်ခင်သိန်း၊
ဘကြီးသော်ရဲ့ မြေးတွေ ၊ဆွေ မျိုးအစုံ လာကြ ပါတယ်။ မေမေတို့ သားသမီးလို
ခင်မင်တဲ. အတွေးအမြင် မ ဂ္ဂ ဇင်းက ဥိးဝံသ(ကွယ်လွန်) နဲ့ ဇနီး ဒေါ်မြင့်မြင် တို့ရဲ့ သမီး လတ် လ တ် လည်းလာပါတယ် ။
မေမေတို့ ဘဘတို့ ကိုလေးစားတဲ့ ဒေ၀ီသန့်
စင်(တော်ဘု၇ားလေးဦးအောင် ဇေရဲ.သမီး) ၊ဆရာဦတင်မိုးရဲ့သမီးမိုး မိုးစံ နဲ့ ဦးသန်းညွန့် ၊ မေမေ နဲ့ ဘဘကို မိဘပမာ
ရိုသေပြီး ၊သူတို့အကြောင်းကိုအမြဲပြောနေတတ်တဲ့ဒေါ်ရွှေ
ဂူ မေ နှင်း(မမနှင်း ကခြံကိုတစ်ရက်ကြိုပြီး ရေဖျန်းပေးပါတယ်။)မမေနှင်းလိုပဲမေမေတိုဘဘတို.ကိုရိုသေတဲ.မမစမ်းစမ်းနွဲ.သါယါဝတီတို.မိသါးစု။မေမေရှိစဉ်ကအညါမုန်.စားချင်တယ်ဆိုလို.ခြံထဲကိုမုန်.ပြားသလက်ဈေးသယ်ကိုခေါ်လါ
ပြီးမုန်ပြားသလက်လုပ်ပြီးကျွေးတဲ.စာရေးဆရာကြီးမောင်သော်ကရဲ.တူတွေဖြစ်ပြီးကျားဘငြိမ်းရဲ.သားတွေဖြစ်တဲ.ဦးဝင်းငြီမ်းတို.ညီအစ်ကို၊
မေမေတို့ ဘဘတို့ ကပြခဲ့တဲ့ စရေးဆရာ ပြဇာတ်မှာသရုပ်ဆောင်တစ်ဦးဖြစ်တဲ. စာရေးသူရဲ့ ဥိးလေးတော်စပ်တဲ.လင်းယုန်နီရဲ့သား နဲ့ သမီး မောင်ထင်အောင် နဲ့ ဒေါက်တာ၇ီ၇ီ မြင့် ၊ တို့ စုံစုံလင် တွေ့ ရပါ တယ် ။ မေမေ တို့ ဘဘ တို့ မရှိ တော့ တဲ့ နောက် ပိုင်း ဆက်လက် ပြီးအ
တူတူ အ လုပ်လုပ် ရင်း ခင်မင် ခဲ့ တဲ့ဦးကျော်ဦး (ပါရမီ စာပေ) ၊
unity စါပေက ဦးသန်းဆွေ ၊ ဦးဝင်းချို
(ဓူဝံ)၊ ဦးဝင်းတင် (English For All ) ၊ ဦးညွန့် ဝေမိုး ( စိတ်ကူးချိုချို )၊ ဦးသိန်းလွင်(လင်းလွန်းခင်)၊ တို့ လည်းလာ ကြပါတယ်။
အစောဆုးုံရောက်တာက
ဒေါ်သန်းမြင့်အောင် ဖြစ်ပြီး နောက်ဆုံး ကတော့ ဖြူဖြူ
သင်း ဖြစ်ပါတယ်။သူတို့နှစ်ယောက်စလုံး အလုပ်စလုံး အလုပ်တွေ ကိုယ် စီနဲ့မအာားကြရာက လာကြတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ထမနဲပွဲကို တက်ရောက်ဖူးတဲ့ ဒေါ်သန်းမြင့်အောင်ကို ပြည်ရိပ်သာခြံ မှာ ပြန်တွေ့ ရတာဖြစ်ပါတယ်။ ကိုမင်းကိုနိုင်က စာရေးသူတို့ မိ သားစုလေးယောက် အမှာစကါးပြောနေတုန်းရောက်လာပါတယ်။
မိသားစုလေးယောက်ဟာ စာပဲရေးပြီး လူပရိသတ်ကို စကါးမပြောဖူးတာက ရွှေ ရီဝင်း ဖြစ်ပါတယ်။ ဒါပေမယ့် ပြောဖြစ်သွားပါတယ်။ မိသားစုလေးယောက် စကါးပြောပြီးတော့ ဦးတင်ဦး နဲ့ ဘကြီးမိုး (ဦးမိုးသူ) တို့ က စကါးပြောကြပါတယ်။ ဦးတင်ဦးပြောတဲ့ မေမေ့အကြောင်း
တွေက စာရေးသူတို့ မိသားစုက မေမေဆုံးပြီးမှ ကြားဖူးတဲ့
စကါးတွေဖြစ်ပါတယ်။ မေမေ စစ်ယူနီဖောင်း
ဝတ်တယ်ဆိုတာ မေမေ မရှိတော့ မှ ကြားဖူးတာပါ။ ဦးတင်ဦးကိုယ်တိုင် မြင်ခဲ့တွေ့
ခဲ့ တာ ဖြစ်ပါတယ်။ မေမေရှိစဉ်က အချို့ တွေက မေမေ ယူနီဖောင်း ၀တ် တဲ ကိစ္စ ကိုဲု ၀တ်စရာမရှိ လို့ စသည်ဖြင့် ပြော ကြပါတယ်။မေမေကိုယ်တိုင်
ြ့ပန်ပြောတာက ဗိုလ်ချုပ်အောင်ဆန်း
ကိုယ်တိုင်က “ခင်ဗျားလုပ်နေရတာစစ်ရုံးမှာစစ်တပ်ကကိစ္စ
တွေကြီး ဘဲ ဆိုတော့ ယူနီဖေါင်း
ဝတ်လိုက်ပါ။” လို့ ပြောလို့ ၀တ် တာ လို့ ပြောသလို သူများတွေပြောသလို ၀တ်စရာ
မရှိလို့ ၀တ်တာလို့ လည်း ပြောပါတယ်။အချို့ တွေဆီမှုာ
မေမေယူနီဖောင်း ၀တ်တဲ့
ပုံရှိတယ်လို့ ပြောသံ ကြားပေမယ့် ၊ စါရေးသူတိုမိသားစုက မမြင် ဖူးပါ
ဘူး ။ မေမေ စစ်ယူနီဖောင်း ၀တ်ခဲ့တာကို
သင်္ချာဆရာကြီးကလည်း မမှတ်မိကြောင်းကို ၀န်ခံပြော ဆိုပါတယ်။ သင်္ချာဆရာကြီးက မေမေ နဲ့ ဘဘ ရဲ့ နှစ် တစ်ရာပြည့် မွေးနေ့
မှာတော့ အခု လိုပြောပါတယ်။
“မေမေကသူ့ဘ၀မှာ -- အတော်ဘဲ-- ဆိုတဲ့စကါးကိုအလွန်ကြောက်ခဲ့ပါတယ်တဲ့။ ဖြစ်ပုံကဒီလိုပါ။တစ်နေ့ တော့ဗိုလ်ချုပ်အောင်ဆန်းက
မေမေ့ ကိုတွေ့ တော့ --သြော်
့  မခင်မြ့  အတော်ဘဲ
၊ ဒီ စာလေးပို့ ပေး ပါ။့  ဆိုပြီး ခိုင်းတယ်။သူပြောလိုက် တဲ့လေသံက ဘါမှ မဟုတ် သလိုဘဲ။တကယ်က အဲဒီစာထဲမှာ လျှို့
ဝှက်တဲ့ အကြောင်းအရာတွေပါတယ်။မေမေ့
ကိုဒီစာနဲ့ အတူ ဂျပန်တွေသာတွေ့ သွားရင် တော့မလွယ်ဘူး။နှိပ်စက်ခံရမယ်။အသက်ကိုတောင်
ရန်ရှာနိုင်ပါတယ်။အဲဒီလိုပဲ ဗိုလ်ချုပ်က မကြာခဏ “အတော်ဘဲ” လို့ ပြောတိုင်း ရင်တုန်ရတဲ့ အကြောင်း ပြောပါတယ်။”
ဒါကသင်္ချာဆရာကြီးက သူမှတ်မိသရွေ့
ကိုပြန်ပြောတာဖြစ်ပါတယ်။ တစ်ခါမှမပြောဖူးသေးတဲ့ စကါး ဖြစ်ပါတယ်။မေမေပြောလို့ စာရေးသူ မှတ်မိတဲ့ အဖြစ်အပျက်ကလေးက အခုလိုဖြစ်ပါတယ်။ မေမေဈေးဝယ်ပြီး ဆိုက္ကား နဲ့
စစ်ရုံး ထဲဝင်လာတယ်။(မေမေတိုအိမ်က စစ်ရုံးနောက်မှာဖြစ်ပါတယ်။) အဲဒီအခါမှာ ဗိုလ်ချုပ် အောင်ဆန်းက
ရုံးထဲကထွက်လာပြီး “ဟာ……မခင်မြရောက် လာတာနဲ့ အတော်ဘဲ။ဒီစာလေးယူပြီး ပို့ပေးပါ။ရုံးမှာခိုင်းစ၇ာလူ မရှိလို့ပါ။” လို့ ပြောတယ်။ ဒီတော့
မေမေလည်း ဈေးခြင်းတောင်း ချပြီး
ဗိုလ်ချုပ် ပေးတဲ့ စာလေးကို ကိုင်ပြီး
ထွက်ခဲ့ရတယ်။
မေမေကဒီလို သက်စွန့်
ဆံဖြားလုပ်ခဲ့ရတာကို ဂုဏ်ယူပြီးပြောတာ မဟုတ်ဘဲ
ရယ်မောပြီး ဟာသဆန်ဆန်လေး ပြောတာပါ။သူ့ စိတ်ထဲမှာ တော်လှန်ရေး အတွက်အသက်စွန့် သွားကြတဲ့
ရဲဘော် ရဲ ဘက် ၊လုပ်ဖော်ကိုင်ဖက်တွေ
မိတ်ဆွေတွေ အသက်မသေပဲ ကျန်ခဲ့တဲ့လူတွေ နဲ့ စာရင်
မေမေတို့ ဘဘတို့ လုပ်ခဲ့တာက
၊ မဆိုသလောက် ပါလို့ ၊ တွေး မိသလား
မသိ ပါဘူး ။
ဘကြီးမိုး(ဦးမိုးသူ) ကလည်း စကါးပြောကေါင်းသူတစ်ယောက် ဖြစ်ပါတယ်။
သူက သူရေးနေတဲ့ဆောင်ပါး လို ရှေးကတော့အလွန်ချစ် ကြတယ် ဆိုတဲ့
စကါး အတိုင်း စည်းစည်းလုံးလုံး လုပ်ခဲ့ ကိုင်ခဲ့
ကြတာတွေ ၊ အားကျစရာ ပြောပါတယ်။နောက်တော့ မေမေတို့ ဘဘ တို့ နဲ့ မွေးနှစ် တူတဲ့ လူထုဦးလှ နဲ့ ဒေါ် အမာ အကြောင်းလည်း ပြောပါတယ်။ဘကြီးမိုးဆိုပေမယ့် သူ့ အသက်က ၇၈ နှစ်ပဲရှိပါသေးတယ်။
မေမေ နဲ့ ဘဘ တိုရဲ့ နှစ် တစ်ရာပြည့် နဲ့ ခေတ်ပြိုင်ပုဂ္ဂုလ်
တွေရဲ့ ဓါတ်ပုံ ပြပွဲကတော့ ၊ မိုးလွတ် လေလွတ် ကျင်းပ ပြီးစီး ခဲ့ ပါတယ်။ဓါတ်ပုံ ကြည့် တဲ့ ပရိသတ်က၊ သူတို့
မတွေဖူးတဲ့ ဓါတ် ပုံတွေကို
ကြည့် ပြီး ၊ အံ့ သြ၀မ်းသာ ကြသလို၊
ဓါတ်ပုံရှင် တွေရဲ့ သား သမီး ဆွေ မျိုးတွေ ရဲ့ ၀မ်းသာဝမ်းနည်း ခံစါးချက်လေး တွေ ကိုလည်း ကိုချင်း စါမိပါတယ်။အချို့ ဓါတ်ပုံမပြနိုင်တဲ့ လူပုဂ္ဂိုလ်တွေရဲ့ ဓါတ်ပုံတွေကို သူတို့ ရဲ့ သားသမီး မြေးမြစ် တွေဆီက သားမောင်ရစ်က
တောင်းခံပါတယ်။သူ့ ရဲ့ စုဆောင်းမှု
ကွက်လပ် ကလေး ပြည့် စုံသွားမှာ ဖြစ် သလို နောင်လာနောက်သား တွေအတွက်
အမှတ် တရနေရာလေး ဖြစ်သွားမှာ
ဖြစ်ပါတယ် ။
မေမေနဲ့ ဘဘ တို့ ရဲ့ နှစ် တစ်ရာ ပြည့် အထိန်းအမှတ်နေ့ ကျင်းပဖြစ်
ခဲ့ တဲ့အတွက် ၀ိုင်းဝန်းကူညီ တဲ့ လူတွေအားလုံး နဲ့ ကြိုးစား
ပြီးလာရောက် ကြ တဲ့ ဘဘနဲ့မေမေ တို့ရဲ့
ဆွေမျိုးတွေ၊ တပည့် တွေ အားလုံးကို ကျေးဇူးတင်ကြောင်း မှတ်တမ်းတင် ပါတယ်။ အကြောင်း အမျိုး မျိုး ကြောင့် မလာနိုင် ကြ သူတွေ အတွက် တော့ စိတ် မကေါင်း
ဖြစ် မိပါတယ် ။
အဲဒီထဲမှာ မေမေ ရဲ့ မောင် အရင်း ဦးလေးမောင်
( ဦးသိန်းမောင် ) မိသားစု အကြောင်းလည် ပါလာ
ပါတယ် ။ မေမေ့ မောင် အရင်း ဦးလေးအောင် ရဲ့
ဓါတ်ပုံ ကိုစါအုပ်ထဲ မှာရောပြ ပွဲ မှာပါ
ပြ သ နိုင်ပေမယ့် ၊ ဦးလေးမောင် ရဲ့ ပုံ ကိုတော့ မပြသ နိုင်ခဲ့ပါ။ ဂျူနီယာဝင်းရဲ့ စါအုပ် ကြော် ငြာ ကိုတွေ့ တဲ့ ဦးလေးမောင် က စါအုပ်
ဝယ်ခိုင်း ပြီးဖုန်း ဆက် တော့မှ တစ်မြိုထဲ
နေ ပြီး ၊အနှစ် ၂၀ နီးပါး ကွဲနေတဲ့
ဦးလေးမောင် မိသားစုနဲ့ ပြန်ဆုံ ကြပါ တယ် ။ ဦးလေးမောင် ရဲ့ အသက်က
၉ ၆ နှစ်ပါ။ ကျန်းကျန်း မာမာ ရှိပါတယ် ။
Comments
Post a Comment