Wednesday, April 2, 2014

ဟစ်တလာ၏နိုင်ငံရေးအဆိုများ ဒေါက်တာခင်မောင်ဝင်း (သချာင်္)



ဟစ်တလာ၏နိုင်ငံရေးအဆိုများ
ဒေါက်တာခင်မောင်ဝင်း(သချာင်္)
          ဟစ်တလာ (Adolf Hitler, 1889 – 1945) ၏ အထ္တုပတ္တ္တိအကျဉ်းကိုဖော်ပြရမည်ဆိုလျှင် -
1889  - သြစတီးယား (Austria) နိုင်ငံ ဘရော်နို (Braunau) မြို့တွင်မွေးဖွားပါသည်။
1923  - ဟစ်တလာနှင့်တပ်သားပေါင်းနှစ်ထောင်သည် အာဏာသိမ်း၍ ဂျာမဏီနိုင်ငံ အစိုးရကို ဖြုတ်ချခဲ့ သည်။ နိုင်ငံရေးပါတီ အားလုံးကို မတရားအသင်းကြေငြာခဲ့သည်။
1935  - ဂျာမန်ဂျူးများကို နိုင်ငံသားအဖြစ်မှရပ်ဆဲခဲ့သည်။
1939  - စက်တင်ဘာတွင် ဒုတိယကမ္ဘာစစ်ကြီးစတင်ခဲ့ပြီး၊ ဟစ်တလာသည် ပိုလန်နိုင်ငံကို သိမ်းယူလိုက် သည်။
1941  - နာဇီများသည် အဆိပ်ဓာတ်ငွေ့သုံး၍ အကျဉ်းသားများကို သတ်ခဲ့သည်။
1942  - စိုးဗီးယက်ယူနီယံကို ဟစ်တလာဝင်ရောက်တိုက်ခိုက်ရာတွင် ရှုံးနိမ့်ခဲ့သည်။
1945  - မဟာမိတ်တပ်များက ဟစ်တလာကြူးကြော်ထားသော နိုင်ငံများကို ပြန်လည်သိမ်းပိုက်သည်။ စိုးဗီးယက်တပ်များက ဘာလသို့ဝင်သည့်အချိန်တွင် ဟစ်တလာသည် ကိုယ့်ကိုယ်ကို အဆုံးစီရင် ခဲ့သည်။
          ဤသည်ကား ဟစ်တလာ၏အထ္တုပတ္တိတွင်အရေးပါသော မှတ်တိုင်များအဖြစ်ဖော်ပြခြင်းခံရသော အကြောင်းအရာများ ဖြစ်သည်။ သို့သော် ဟစ်တလာကိုယ်တိုင်က သူ့ဘ၀အတွက် အရေးပါဆုံး သူ့နောင် ရေး သူ့လုပ်ရပ်များအားလုံးကို လွှမ်းမိုးခဲ့သော ကာလဟုသူ၏ ကိုယ်ရေးအထ္တုပတ္တ္တိထဲတွင် ဖော်ပြထားသော ကာလဖြစ်သော 1905 မှ 1913အကြောင်းကို မည်သည့် အထ္တုပတ္တ္တိရေးဆရာကမှ ဖော်ပြမထားပါ။ သို့သော်ငြားလည်း ဟစ်တလာ၏ကိုယ်ရေးအထ္တုပတ္တ္တိ Mein Kampf ၌ ထိုကာလအတွင်း ဗီယာနာနိုင်ငံတွင် သူပညာသင်ခဲ့သော ကာလကို သူ့ဘ၀အတွက် အရေးပါဆုံးဟူ၍ရေးသားဖော်ပြထားသည်။ ထိုကာလ အတွင်းရရှိခဲ့သော နိုင်ငံရေးပညာများသည် သူ့တစ်သက်တာတွင် သူ၏စွမ်းဆောင်ချက်များအားလုံးကို လွှမ်းမိုးခဲ့သည်ဟု၍ပင် ဆိုထားသည်။ ထိုကာလအတွင်း သူရရှိခဲ့သော နိုင်ငံရေးပညာများအကြောင်းကို သူ၏ကိုယ်ရေးအထ္တုပတ္တိ Mein Kampf ၏ တတိယအခန်း Political Reflection Arising Out of My Sojourn in Vienna (ဗီယာနာနိုင်ငံတွင် နေထိုင်ခဲ့စဉ်ရရှိခဲ့သော နိုင်ငံရေးအတွေးအခေါ်များ) တွင် ရေးသား ဖော်ပြထားသည့်အထဲမှ ကောက်နုတ်တင်ပြပါမည်။ စာဖတ်သူများအနေဖြင့် ကိုယ်တိုင်ဝေဖန်ပိုင်းခြားသော စိတ်ဖြင့် ဖတ်ရှုလေ့လာကြည့်ပါ။
          ထိုကာလသည် ဟစ်တလာအတွက် သူ၏ဘ၀အပေါ်တွင် အဘယ်ကြောင့်အကျိုးသက်ရောက်သည် ဟူ သည်နှင့်ပတ်သက်၍ သူသည်ဤကဲ့သို့ရှင်းပြသည်။
          ဒီကာလမှာ ကျွန်တော် (ဟစ်တလာ)ဟာ စားဝတ်နေရေးအတွက် တော်တော်ရုန်းကန်ခဲ့ရပါတယ်။ ဒီအချိန်မှာ ကျွန်တော်အမြဲမပြတ်လုပ်တဲ့အလုပ်ကတော့် စာဖတ်တဲ့အလုပ်ဖြစ်ပါတယ်။ ကျွန်တော်စာဖတ်ရ တာဟာ လွယ်ကူတဲ့အလုပ်တော့မဟုတ်ပါဘူး။ စာအုပ်တစ်အုပ်ဝယ်လိုက်တိုင်း ကျွန်တော်ဟာထမင်း တစ်နပ်အငတ်ခံခဲ့ရတဲ့ဘ၀မျိုါ်ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်ဟာ စာဖတ်တဲ့အလုပ်ကိုတော့ မပြတ်လုပ် ပါတယ်။ စာဖတ်ပြီးတိုင်း၊ ဖတ်ထားတဲ့စာတွေအပေါ်မှာ နက်နက်နဲနဲတွေးခေါ်စဉ်းစားပါတယ်။ ဒီနည်းနဲ့ ကျွန်တော်ဟာ ပညာဗဟုသုတများစွာ ရရှိပါတယ်။ အဲဒီအချိန်ကရခဲ့တဲ့ ပညာဗဟုသုတတွေက ကျွန်တော့် ဘ၀တစ်ခုလုံးအတွက် အသုံးဝင်ပါတယ်။
အဲဒီအချိန်မှာ ကျွန်တော်ဟာဘ၀အပေါ်အမြင်တစ်ခုကို ရရှိခဲ့ပါတယ်။ ဒီအမြင်ဟာ ကျွန်တော့်တစ် သက်တာမှာ လုံးဝပြောင်းလဲမှုမရှိတော့ပါဘူး။ ကျွန်တော်အဲဒီအချိန်မှာ ရရှိခဲ့တဲ့အတွေးအခေါ်တွေဟာ ကျွန်တော့်ရဲ့တစ်သက်လုံးလုပ်ဆောင်ချက်တွေကို လမ်းညွှန်ပေးခဲ့တာဖြစ်ပါတယ်။
(ဟစ်တလာသည် သူ၏အမြင်များကို ဤသို့ဖော်ပြထားပါသည်-)
ယေဘုယျအားဖြင့် ပြောရမည်ဆိုလျှင် လူတစ်ယောက်သည် အသက်သုံးဆယ်မရောက်မှီ နိုင်ငံရေး လောကထဲသို့ မ၀င်သင့်ပါ။ ဤတွင် အရည်အချင်းအထူးပြောင်မြောက်သောသူများကိုတော့ ခြွင်းချက်ထား ရှိရမည်ဖြစ်ပါသည်။ ဒါဟာကျွန်တော် (ဟစ်တလာ)ရဲ့ကိုယ်ပိုင်အယူအဆပဲဖြစ်ပါသည်။ ဘာကြောင့်ဒီလို ယူဆသလည်းဆိုတာကို ရှင်းပြပါ့မယ်။ ကျွန်တော့်အယူအဆအရ လူတစ်ယောက်ဟာ နိုင်ငံရေးပြဿနာ တွေကို ကြုံတွေ့ပြီး ပြဿနာတစ်ခုစီအပေါ်မှာ တိကျတဲ့သဘောထားမျိုးကို စိတ်ထဲမှဖြစ်လာနိုင်ဖို့အတွက် အသက်ဆုံးဆယ်လောက်အထိ စောင့်ဖို့လိုအပ်ပါတယ်။ လူတစ်ယောက်ရဲ့ နိုင်ငံရေးအတွေးအခေါ်တွေ တိုးတက်လာတဲ့အဆင့်တွေကို ကြည့်မယ်ဆိုရင် ပထမအဆင့်အနေနဲက ယေဘုယျကျတဲ့သဘောတရား တွေကို သိရရှိပြီး အဲဒီအတွေးအခေါ်သဘောတရားတွေကို စုစည်းရမယ် ။ဒါတွေဟာ သူ့အတွက် ဘ၀ အပေါ်အမြင်တစ်ခုကို ရရှိစေမှာဖြစ်ပါတယ်။ အဲဒီအဆင့်မှာရရှိတဲ့အမြင်တွေဟာ နိုင်ငံရေးဆိုင်ရာ အမြင် သဘောတရားများကို ခိုင်ခိုင်မာမာချမှတ်နိုင်လာစေပါလိမ့်မယ်။ ဒီအခါမှာ အဲဒီလူဟာ နိုင်ငံရေးကိစ္စတွေမှာ ကိုယ်တိုင်ပါဝင်လှုပ်ရှားဖို့ အသင့်ဖြစ်ပြီလို့ဆိုနိုင်ပါတယ်။
အခုပြောခဲ့တဲ့ ပထမအဆင့်ကို ကောင်းစွာမဖြည့်ဆီးနိုင်ဘဲ နိုင်ငံရေးနယ်ပယ်ထဲကို ၀င်မယ်ဆိုရင် ပြဿနာကြုံနိုင်ပါတယ်။ အဲဒီပြဿနာကတော့ သူဟာတစ်ချိန်မှာ သူစတင်ပြီးရပ်တည်ခဲ့တဲ့ရပ်တည်ချက် ဟာ  သူထင်သလိုမမှန်ဘူးဆိုတာကို သိလာနိုင်ပါတယ်။ ဒီအခါမှာ ဘာလုပ်မလဲ။လုပ်နိုင်တာနှစ်ခုရှိပါ တယ်။ တစ်ခုက သူယူခဲ့တဲ့ရပ်တည်ချက်ကို စွန့်လွှန်ရမယ်။ နောက်တစ်ခုက သူ့အနေနဲ့အများရှေ့မှာ ယူခဲ့တဲ့ရပ်တည်ချက်ကို မှား/မှန်သိလျှက်နဲ့ မျက်နှာမပျက်ရအောင် ဆက်ပြီးတွယ်ကပ်ထားနိုင်တယ်။ ဒီလုပ်ရပ်နှစ်ခုစလုံးဟာ ပြဿနာတွေမကင်းပါဘူး။ ပထမလုပ်ရပ်မှာ သူဟာအများရှေ့မှာ ရှေ့နောက်မညီ ညွှတ်တဲ့ လူတစ်ယောက်လို့ အများက မြင်တာခံရပါလိမ့်မယ်။ သူရဲ့နောက်လိုက်တွေဟာ သူ့ကို ခေါင်းဆောင်တစ်ယောက်အနေနဲ့ ယုံကြည်တော့မှာ မဟုတ်တော့ပါဘူး။ သူ့ကို စိတ်မခိုင်တဲ့ ခေါင်းဆောင် အနေနဲ့မြင်ကြပါလိမ့်မယ်။
ဒါဆိုရင် ဒုတိယနည်းဖြစ်တဲ့ သူရဲ့ရပ်တည်ချက်ကို မှား/မှန်သိလျှက်နဲ့ဆက်လက်ဆုပ်ကိုင်ထားရင် ကော ဘာဖြစ်မလဲ။ ဒါကလည်းကောင်းတဲ့အကျိုးကို မရနိုင်ပါဘူး။ သူကခေါင်းဆောင်ရာမှာ သူမယုံကြည် တော့တဲ့သဘောတရားကို ဆုပ်ကိုင်ထားရတဲ့အတွက်၊ သူရဲ့လုပ်ရပ်တွေဟာ အင်အားချို့တဲ့နေမှာ ဖြစ်ပါ တယ်။ သူ့ရဲ့ပြောဆိုမှုတွေဟာ အပေါ်ယံသက်သက်သာဖြစ်ပြီး။ အနှစ်သာရမရှိတဲ့ စကားတွေဖြစ်မယ်။ အကယ်၍ ယုံကြည်ချက်အတွက် အသက်စွန့်ရမည့် ကိစ္စမျိုးတွေကို လုပ်ရမယ့်အခါမှာ သူဟာ နိုင်ငံ ရေးခေါင်းဆောင်တစ်ဦး မဟုတ်တော့ဘဲ နိုင်ငံရေးကစားသူတစ်ယောက်သာ ဖြစ်သွားပါလိမ့်မယ်။
ဒီလိုလူမျိုးဟာ ပါလီမန်အမတ်ဖြစ်သွားခဲ့ရင် သူဟာနိုင်ငံရေးသမားစစ်စစ်မဟုတ်၊ နိုင်ငံရေး လုပ်စား တဲ့လူဖြစ်သွားလိမ့်မယ်။ သူဟာ နိုင်ငံရေးခံယူချက်ခိုင်မာတဲ့လူအားလုံးကို သူ့ရန်သူလိုသတ်မှတ်လိမ့်မယ်။ ဒီလိုနိုင်ငံရေးခံယူချက်ခိုင်မာတဲ့လူမျိုးတွေဟာ သူ့ကို ရာထူးကဆွဲချမယ့်လူတွေလို့သူ မြင်လာလိမ့်မယ်။
အသက်သုံးဆယ်ကျော်မှနိုင်ငံရေးနယ်ပယ်ထဲကို ၀င်တဲ့လူဟာလည်း သိစရာ၊ လေ့လာစရာတွေ အများကြီး ကျန်သေးတယ်ဆိုတာ အထူးပြောစရာမလိုပါဘူး။ ဒါပေမယ့် အဲဒီအချိန်မှာ သူနောက်ထပ်ရရှိတဲ့ ပညာတွေဟာ သူ့မှာရှိထားပြီးသား အခြေခံတွေကို ပံ့ပိုးပေးမှာဖြစ်ပါတယ်။ သူရဲ့ရပ်တည်ချက်တွေနဲ့ ပတ်သက်လို့အားနည်းချက်တွေကို သိလာတဲ့အခါမှာ ဒါတွေဟာ သူ့ရပ်တည်ချက်ကို စွန့်လွှတ်ဖို့မဟုတ် ဘဲ၊ သူ့ရပ်တည်ချက်ကို ပိုပြီးခိုင်မြဲအောင် ပြုပြင်နိုင်ဖို့ဖြစ်ပါတယ်။ သူ့ရပ်တည်ချက်နဲ့ ပတ်သက်လို့ အသိပညာ အကောင်းအဆိုးအားသာချက်အားနည်းချက်တွေကို ပိုပြီးသိလာပြီး ကျင့်သုံးရာမှ သတိရှိလာဖို့ အထောက်အကူပေးပါတယ်။ သူဟာပိုပြီး ရင့်ကျက်လာမှာဖြစ်ပါတယ်။
နိုင်ငံရေးခေါင်းဆောင်တစ်ယောက်က သူ့အခြေခံယူဆချက်၊ ရပ်တည်ချက်တွေမှားတာကိုသိရင် သူ့သိက္ခာမကျချင်ရင် သူ့မှားတယ်ဆိုတာကို ၀န်ခံရဲရမယ်။ သူဟာနိုင်ငံရေးကို ဆက်မလုပ်သင့်တော့ဘူး။ အကြောင်းကတော့ သူဟာတစ်ကြိမ်မှားခဲ့ပြီးရင် နောက်တစ်ကြိမ်ထပ်မှားဖို့အလားအလာရှိနေတယ် ဒီလို လူမျိုးဟာ လူတွေရဲ့ထောက်ခံမှုကို ဆက်လက်ပြီးရနိုင်ဖို့ မမျှော်လင့်နိုင်ဘူး။
ကျွန်တော် (ဟစ်တလာ)ဟာ ကျွန်တော်ရဲ့နိုင်ငံရေးအမြင်တွေကို လူသိရှင်ကြားမကြေငြာခင်မှာ လူအနည်းငယ် ကိုယ့်ပတ်ဝန်းကျင်ထဲမှာ ဘဲစပြီး ပြောပါတယ်။ ကိုယ့်ပတ်ဝန်းကျင်ထဲမှာ ဆွေးနွေးပါတယ်။ ဒီနည်းနဲ့ လူတွေရဲ့ သဘောထားကို လေ့လာခွင့်ရရှိပါတယ်။ လူတွေအကြောင်းကို ခန့်မှန်းဖို့အခွင့်အရေး တွေရရှိပါတယ်။ ဒါဟာ ဘီယာနာမှ ပညာသင်ခဲ့တဲ့နှစ်တွေရဲ့ အကျိုးကျေးဇူးပါဘဲ။
ဤသည်ကား ဟစ်တလာ၏နိုင်ငံရေးအယူအဆများကို သူ၏ကိုယ်ရေးအထ္တုပတ္တ္တိ Mein Kampf ထဲ မှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။



No comments:

Post a Comment