နေမကောင်းရင်ဘာလုပ်သလဲ တက္ကသိုလ်ရွှေရီဝင်း



နေမကောင်းရင်ဘာလုပ်သလဲ
တက္ကသိုလ်ရွှေရီဝင်း
အမှတ် ၂၂၉ ၂၀၁၁ ၄လ
နေမကောင်းရင် ဘာလုပ်သလဲ?။ တီဗွီမှာလာတဲ့ အင်တာဗျူးတာတွေကိုကြည့်ပြီး စာရေးသူလည်း ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်မိတာပါ။ စာဖတ်သူတို့ရော ဒီမေးခွန်းရဲ့ အဖြေကို ဘယ်လိုဖြေမှာပါလဲ။
          နေမကောင်းပါဘူးဆိုမှ ဆေးသောက်မယ်။ ဆရာဝန်ဆီသွားမယ်ပေါ့။ ဒါအမှန်ကန်ဆုံးအဖြေပါပဲ။ စာရေးသူတို့ မိသာစုလည်း နေမကောင်းရင် ဒီလိုပဲ လုပ်ကြပါတယ်။ ရိုးရိုးဖျားတာမဟုတ်ဘဲ တစ်ခုခုကြောင့် ဖျားတာဆိုရင် အိမ်မှာရှိတဲ့ဆေးကို အားမကိုးရဲပါဘူး။ ရိုးရိုးဖျားရင်တော့ မြန်မာတိုင်ရင်းဆေးကိုပဲ သောက်ကြပါတယ်။ ဖျားတာကြာသွားရင် တိုက်ဖွိုက်ဖြစ်ဖူးတာမို့ မြန်မြန်ပဲ ဆရာဝန်ဆီသွားပြီး ဆေးကုသ တာ ခံယူပါတယ်။
          အဖျားပျောက်တော့မှ တိုင်ရင်းဆေးကိုသောက်ပါတယ်။ ဒါဆိုရင် နေမကောင်ရင် ဆရာဝန်ပြတယ် ပေါ့လို့ အဖြေရပါတယ်။ မေမေတို့၊ ဘဘတို့ရှိတုန်းက နေမကောင်းဖြစ်တဲ့အချိန်တွေကို သတိရလို့ ဒီဆောင်ပါးလေးရေးမိတာပါ။
          နေမကောင်းတော့မှ သတိရတာလားလို့ မေးရင်တော့ မဟုတ်ပါဘူး။ အမြဲတမ်း သတိရပြီး ကုသိုလ် ကောင်းမှုလုပ် အမျှဝေဖြစ်နေတာဆိုတော့ ထူးပြီးသတိရစရာ လေးရှိနေလို့  ရေးတာပါ။ တစ်ဆက်တည်း မှာပဲ ကိုယ့်မိဘနှင့် နေစဉ်ဖျားနာရင် မေမေပြုစုတာ ဆေးတိုက်တာ ခံယူပြီး၊ နေကောင်းတော့လည်း အာရှိဖို့ ဂရုစိုက်ခဲ့တဲ့ မိခင်ရဲ့ကျေးဇူးကိုလည်း သတိရမိပါတယ်။ မောင်နှမရှစ်ယောက်ကို မိခင်ကြီးကမေတ္တာနှင့် ပြုစုတာကို မိသားစုများတဲ့ လူတိုင်းသိကြမှာ ဖြစ်ပါတယ်။ စာရေးသူရဲ့ယောက္ခမဖြစ်တဲ့ မေမေဒေါ်ခင်မျိုးချစ် ကတော့ သားတစ်ယောက်တည်း မွေးထားတာမို့ သူသာလျှင် သားအပေါ်မှာ အပြည့်အ၀ ဂရုစိုက်တာ ဖြစ်တယ်လို့ မပြောပေမယ့် အဲဒီအတိုင်း ခံယူထားတယ်လို့  အတူနေတာ ကြာလာတဲ့ စာရေးသူက ဂရုပြုမိတာ ဖြစ်ပါတယ်။  မိခင်ဆိုတာ တစ်ယောက်တည်းပဲ မွေးမွေး၊ အများကြီးပဲမွေးမွေး၊ သားသမီးအပေါ်ထားတဲ့ မေတ္တာ၊ ပြုစုယုယတာ၊ ဆုံးမတာတွေဟာ အတူတူပါပဲ။ ဒါကလည်း စာရေးသူရဲ့ မိခင်နှင့် ဖခင်ဟာ သားသမီးအားလုံးကို ညီတူညီမျှဆက်ဆံ၊ အခွင့်အရေးပေး၊ ဆုံးမ ဂရုစိုက်တာတွေကို မြင်နေရလို့ပါပဲ။
          စောစောက အစချီထားတဲ့ နေမကောင်းဖြစ်တာနှင့် ပတ်သက်လို့ စာရေးသူတွေ့ကြုံရတဲ့ ဗဟုသုတ လေးကို ပြောပြချင်ပါတယ်။ သချာင်္ဆရာကြီးနှင့် အိမ်ထောင်ကျ-ယောက္ခမအိမ်ကိုရောက်ပြီး နေခဲ့ရတာဟာ ကိုယ့်မိဘနှင့် နေခဲ့ရတဲ့ အချိန်ကထက် များပါတယ်။ စာရေးသူ လက်ထပ်ပြီးမကြာခင် ကလေးအမြွှာကို မွေးခဲ့ပါတယ်။ အမြွှာမောင်နှမနှစ်ယောက်မှာ ငါးမိနစ်ကြီးတဲ့ မောင်ရစ်က ငယ်စဉ်က အရမ်းချူချာပါတယ်။ အငယ်ဂျူနီယာဝင်းကတော့ ယခုထက်ထိ ဆေးမထိုးဘူးပါ။
          ဒီတော့ ကလေးတွေနေမကောင်းရင် ဘာလုပ်သလဲ။ ဆရာဝန်ဆီသွားရတာပါပဲ။ ကလေးဆရာဝန် တွေဖြစ်တဲ့ ဒေါက်တာခင်သန်းနု၊ ဒေါက်တာပါမောက်၊ ဒေါက်တာကြည်ကြည်ဝိန်းတို့ နာမည်တွေမှတ်မိ ပါတယ်။ ဒီဆရာဝန်တွေဆီ သွားပြရတာ အများအားဖြင့် မောင်ရစ်နေမကောင်းလို့ပဲ များပါတယ်။ ဒီတော့ သူတို့ ငယ်စဉ်က ဆရာဝန်နှင့်ပဲ လုံးချာလိုက်နေတာ မှတ်မိပါတယ်။
          နောက်ပိုင်းမှာ မေမေရော၊ ဘဘရောဟာ နေမကောင်းရင် ဆရာဝန်ဆီ သွားတာအပြင် ဗောဇ္ဈင်သုတ်ကို ရွတ်တာကို သတိထားမိပါတယ်။ မေမေနဲ့ဘဘဟာ ပရိတ်ကြီး ၁၁ သုတ်ကို နေ့စဉ်ရွတ်တာကို သိထားပြီးသားဖြစ်ပါတယ်။ မနက်ဆိုရင် ဘဘဟာ အသံထွက်ပြီး ပရိတ်တွေကို ခြံထဲမှာ လမ်းလျှောက်ရင်း ရွတ်ပါတယ်။ အိမ်နီးနားချင်းတွေက ဘဘပရိတ်ရွတ်သံ သာယာကြောင်း ၊ သူတို့လည်းနာရကြောင်း ပြောပါ တယ်။ မေမေနှင့် ဘဘဟာ စာရေးသူတို့မိသားစု အထူးသဖြင့် သူတို့ရဲ့ မြေးအမြွှာနှစ်ယောက်ကို ဘုရားရှိ ခိုးတွေ၊ ပရိတ်ကြီးတွေ တက်ပေးပါတယ်။
          ကလေးတွေကြီးသွားပြီးတဲ့ အချိန်မှာ သတိထားမိတာ ရှိပါတယ်။ အဲဒီအချိန်တွေမှာ အိမ်သား တစ်ယောက် နေမကောင်းဖြစ်ရင်၊ ဒါမှမဟုတ် ဆွေမျိုးသားချင်း မိတ်ဆွေတစ်ဦးတစ်ယောက် နေမကောင်း ဖြစ်ရင် မေမေနှင့်ဘဘက ဗောဇ္ဈင်သုတ်ကို သက်စေ့ရွတ်ပြီး ဆုတောင်းပေးတာ ဖြစ်ပါတယ်။ စာရေးသူ အတွက်တော့  အတော့်ကို ထူးဆန်းတဲ့ အတွေ့အကြုံ ဖြစ်သလို  အလွန်ထိရောက် တယ်ဆိုတာ လက်ခံရ ပါတယ်။
          သားနှင့်သမီးနေမကောင်းလို့ သူတို့အတွက် သက်စေ့ရွတ်ရရင် မထောင်းသာပေမယ့် စာရေးသူနှင့် သချာင်္ဆရာကြီးတို့၊ ဘဘတို့၊ မေမေတို့ နေမကောင်းရင်ရွတ်ရမှာ အခေါက်ရေက များလှပါတယ်။ မေမေဟာ ဗောဇ္ဈင်သုတ်ကို ယုံယုံကြည်ကြည် ရွတ်ပေးခဲ့ပါတယ်။ သားသမီးတွေဟာ မိဘကို ညှာရမှန်း မသိဘူးဆိုတာ မှန်ကန်သော စကားလို့ ဆိုရပါမယ်။ ရေဟာမြင့်ရာက နိမ့်ရာကို စီးဆင်းတယ်ဆိုတဲ့ စကားဟာနိယာမ လိုပဲ တည်နေတယ်လို့ ဆိုပါတယ်။ တကယ်က ငယ်စဉ်က ကိုယ်ကိုယ်တိုင် သိလျက်နှင့် မညှာခဲ့တာ မဟုတ်ပါဘူး။ ကိုယ်လူကြီးဖြစ်မှ၊ မိဘဖြစ်မှ သြော် . . . ဒီလိုလုပ်ခဲ့တာ မတရားဘူး။ လူကြီးကို မညှာမတာ လုပ်ခိုင်းသလို ဖြစ်နေတယ်ဆိုတာ စဉ်စားမိတာပါ။
ဖြစ်ပုံက စာရေးသူ နေမကောင်းတိုင်းမေမေက ချက်ချင်းရောက်လာပြီး အိပ်ရာဘေးမှာ ထိုင်ပြီး "သမီးကြီးနေမကောင်းမဖြစ်ပါနဲ့။ နေကောင်းအောင်နေပါ" ဆိုပြီးပြောပါတယ်။ သူပြောချင်တဲ့ t"dyÜm,f ကိုလည်း စာရေးသူသိပါတယ်။ ဒီမိသားစု ခြောက်ယောက်ရှိတဲ့ အိမ်မှာမေမေနှင့် စာရေးသူက အိမ်ထောင်တာဝန် ဝေယျာဝစ္စကို ယူနေတာဆိုတော့ သူအားငယ်လို့ ပြောမှန်းသိပါတယ်။ နောက်ဆက်ပြီး "သမီးကြီးအတွက် မေမေ ဗောဇ္ဈင်သုတ်သက်စေ့ရွတ်ပေမယ့်" လို့ ပြောပါတယ်။ ဒီတော့ စာရေးသူက ရယ်ပြီး "မေမေ ပင်ပန်တော့မှာပဲ" ဆိုပြီး ပြောလိုက်ရပါတယ်။ ဗောဇ္ဈင်သုတ်က သိပ်မရှည်ပါဘူး။ ဒါပေမယ့် သက်စေ့ရွတ်ရတာဆိုတော့ ပင်ပန်းမှာ ဖြစ်ပါတယ်။
ဗောဇ္ဈင်သုတ်ဟာ ပရိတ်ကြီး ၁၁ သုတ်ထဲမှာ ပါပါတယ်။ ပရိတ်ကြီး ၁၁ သုတ်ဆိုတာ ဘာတွေလဲ ဆိုတာ ကိုယ်ကိုယ်တိုင်ရော စာဖတ်သူတို့ပါ သိစေချင်လို့ ကူးရေးပြီး ဖော်ပြလိုက်ပါတယ်။
ပရိတ်ကြီး ၁၁ သုတ်က (၁) မဂ်လသုတ်၊ (၂) ရတနာသုတ်၊ (၃) မေတ္တသုတ်၊ (၄) cE¨okwf?        (၅)မောရသုတ်၊ (၆) ၀ဋသုတ်၊ (၇) ဓဇဂ္ဂသုတ် (၈) အာဋာနာဋိယသုတ်၊  (၉)   အင်္ဂုလိမာလသုတ်၊  (၁၀) ဗောဇ္ဈင်သုတ်၊ (၁၁) ပုဗ္ဗဏှသုတ်. . . တို့ ဖြစ်ပါသည်။
          ပရိတ်ကြီးတွေရဲ့ တန်ခိုးအာနုဘော်ကတော့ အလွန်ကြီးမားလှတယ်။ Ak'¨bmom ၀င်တော်တော် များများ ယုံကြည်စွာ ရွတ်ဆိုကြတဲ့ သုတ်များဖြစ်ကြပါတယ်။
          အခု မေမေရွတ်ဆိုတဲ့ ဗောဇ္ဈင်သုတ်ကတော့ ကျန်းမာရေးနှင့်ဆိုင်ပြီး နေမကောင်းဖြစ်ရင် နေမကောင်းသူရဲ့ ကိုယ်စားရွတ်ပေးရတာ ဖြစ်ပါတယ်။ အဲဒီလို ရွတ်တဲ့ဆီမှာ နေမကောင်သူ့ရဲ့ အသက်ကို တစ်ပေါင်းပြီး ရတဲ့အကြိမ်အတိုင်း ရွတ်ကြပါတယ်။
          မေမေဒေါ်ခင်မျိုးချစ်ဟာ ဘယ်သူနေမကောင်းဘူး ဆိုတာနှင့် “မေမေဗောဇ္ဈင်သုတ်ရွတ်ပေးမည်“ ဆိုပြီး ကုသိုလ်ယူတတ်ပါတယ်။ မိသားစု အတွက်တင်သာမက ဆွေးမျိုးဥာတိ မိတ်ဆွေအပေါင်းအသင်းတွေ  အတွက်ပါ ရွတ်ပေးပါတယ်။ တစ်ခါတစ်ရံ သားသမီးမြေးတွေရဲ့ မိတ်ဆွေသူငယ်ချင်းတွေ အတွက်ပါ မေမေရွတ်ပေးပါတယ်။ မေမေရဲ့ သီလတန်ခိုး၊ ယုံကြည်မှုကြောင့် မေမေရွတ်ဆိုပေးတိုင်း နေကောင်းသွား ကြလို့  စာရေးသူတို့ မိသားစုအားလုံးယုံကြည်ကြတဲ့ ပရိတ်တော်ဖြစ်ပါတယ်။
          ဗောဇ္ဈင်သုတ် ဖြစ်ပေါ်လာပုံကိုလည်း မေမေက အားရပါးရပြောပြတတ်ပါတယ်။ အခုတော့ မေမေ့ ကိုယ်စား စာရေးသူက ပြောပြပါ့မယ်။ ဒါပေမယ့် မေမေ့လို အလွတ်အားရပါးရ မပြောတတ်လို့ ပရိတ်ကြီး ၁၁ သုတ် ပါတဲ့ တရားစာအုပ်ထဲက ကူးပြီးဖော်ပြလိုက်ပါတယ်။
          (ရာဇဂြိုလ်ပြည် ဝေဠုဝန်ကျောင်းတော်မှာ မြတ်စွာဘုရား သတင်းသုံးနေတော်မူစဉ် ရာဇဂြိုလ်ပြည် အနီး ydyÜvdလိုဏ်ဂူတွင်းမှာ သီတင်းသုံးနေတော်မှုသော  ရှင်မဟာကဿပမထေရ်ကြီး မကျန်းမမာဖြစ်ရာ ဘုရားရှင်ကြွတော်မှုပြီး၊ ဗောဇ္ဈင်ခုနှစ်ပါးတရားကို ဟောတော်မူသည်။ ထိုတရားဖြင့် ရှင်မဟာကဿပ မထေရ်၏ ရောဂါမှာ ချက်ချင်းပျောက်ရသည်။
          ထို့အတူ ဂိဇ္ဈကုဋ်တောင်၌ သီတင်းသုံးတော်မှုသော အရှင်မောဂ္ဂလာန် မထေရ်မြတ် မကျန်းမာစဉ် ဗောဇ္ဈင်သုတ်ကိုပင် ဘုရားရှင်ဟောတော်မှုရာ ရှင်မောဂ္ဂလန်မထေရ်၏ရောဂါမှာ ချက်ချင်းယူပစ်သလို ပျောက်ကင်းခဲ့ရဖူးသည်။
          မြတ်စွာဘုရား ရာဇဂြိုလ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံတော်မှုစဉ် မကျန်းမမာဖြစ်ခဲ့ရာ အရှင်စုန္ဒကို ဗောဇ္ဈင်တရားရွတ်ဆိုရန် အမိန့်တော်ရှိတော်မှုသည်။ အရှင်မဟာကဿပ၊   အရှင်မောဂ္ဂလန် တို့အား ဘုရားဟောသည့် ဗောဇ္ဈင်သုတ်ကိုပင် အရှင်စုန္ဒရွတ်ဆိုလျှောက်တင်ခဲ့ရာ ဘုရားရှင် ပြင်းထန် သောဝေဒနာမှာ ချက်ချင်း ပျောက်ကင်းခဲ့သည်။)
          အထက်မှာ ဖော်ပြခဲ့တာက ဗောဇ္ဈင်သုတ်ဖြစ်လာပုံဖြစ်ပါတယ်။
          ဒီဗောဇ္ဈင်သုတ် ဖြစ်လာပုံကို အခုလိုရေးပြနိုင်ဖို့ မေမေတို့၊ ဘဘတို့ လေးစားကြတဲ့ ဦးလေးထိန်ဝင်း (သခင်ထိန်ဝင်း)ရဲ့ အိမ်မှာသွားပြီး အကူအညီတောင်းရပါတယ်။ ဦးလေးထိန်ဝင်း မရှိတော့လို့ ကျန်ရစ်သူ အန်တီလှ၊ မြေးမလေး ဒေါက်တာ မအေးချမ်း(မြန်မာစာ) နှင့် မေမေဒေါ်ခင်မျိုးချစ် အပျိုဘ၀ကတည်းက အဖော်လိုခင်မင်ခဲ့တဲ့ မခင်သန်းတို့ရဲ့ ကူညီမှုကြောင့် ဆောင်းပါလေး ပြည့်စုံသွားရတာဖြစ်ပါတယ်။
                                                                                               

Comments