တက္ကသိုလ်စစ်စစ်
တက္ကသိုလ်ရွှေရီဝင်း
အမှတ်
၁၉၂ ။၂၀၀၈ မတ်လ အတွေးအမြင်
၂၀၀၇ ခုနှစ် ကုန်ဆုံးဖို့အချိန် သိပ်မကျန်တော့တဲ့
အချိန်လေးမှာ စာရေးသူတို့ မိသားစုမှာ ၂၀၀၈ ကို ကြိုဆိုရင်း သင်္ချာဆရာကြီးရဲ့ မိခင် ကွယ်လွန်တဲ့
ဇန်န၀ါရီလ(၂)ရက်ကို နှစ်စဉ် သတိတရဖြစ်ခဲ့တာ ၉ နှစ်မြောက်တော့မှာ ဖြစ်ပါတော့မည်။ မေ့မေ့အထိမ်းအမှတ်အဖြစ်နဲ့
အိမ်နားက အိစ္ဆာရာမကျောင်းက ဆရာတော်ကို အိမ်ပင့်ပြီး ဆွမ်းကပ် ပရိတ်တရားတော်နာဖြစ်ခဲ့ပါတယ်။
ယနေ့နောက်ပိုင်းမှာတော့ ဘုန်းကြီးကျောင်းမှာပဲ
ဆွမ်းကပ်ဖြစ်ပါတော့တယ်။ ဒီနှစ်မှာတော့ မေမေ့ အထိမ်းအမှတ်အဖြစ်နဲက အိမ်နားက အိစ္ဆာရာမကျောင်းက
ဆရာတော်ကို အိမ်ပင့်ပြီးဆွမ်းကပ်ပရိတ်တရား တော်နာဖြစ်ခဲ့ပါတယ်။
မေမေဆုံးပြီးနောက်ပိုင်းမှာတော့ ဘုန်းကြီးကျောင်းမှာပဲ
ဆွမ်းကပ်ဖြစ်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ မေမေ့ အမှတ်တရအဖြစ် အတွေးအမြင်ကိုပို့ဖို့ ယောက္ခမဆိုတဲ့
ဆောင်းပါးလေးရေးနေမိပါတယ်။ ဆောင်းပါး မပြီးခင်မှာပဲ သင်္ချာဆရာကြီးက သူဖတ်နေတဲ့ စာအုပ်ထဲကအကြောင်းအရာတွေကို
ဖတ်ပြနေလို့ ကိုယ့် စိတ်ထဲမှာ ကလေးတွေစာဖတ်စေချင်တဲ့ စေတနာမေတ္တာလေးတွေ ကျဆင်းစပြုနေတုန်း
အားအင်တွေ ဖြစ်ပေါ်လာပါတယ်။ အခုဆောင်းပါလေးကို ဒါကြောင့် ရေးဖြစ်သွားခြင်းဖြစ်ပါတယ်။
"ဒီစာအုပ်ထဲက စာကြောင်းက မင်းသိပ်သဘောကျမှာပဲ"
"ပြောပါဦး ဘာတဲ့လဲ။ ဘယ်စာအုပ်ထဲမှာလဲ"
"စာအုပ်နာမည်က The Art of Book
Reading တဲ့" ရေးတဲ့ စာရေးဆရာမက Reading Clinic က ဒါရိုက်တာ Stella S. Center
ရေးတာ“
"သြော်… ရှင် ဟိုတစ်ခါဘာသာပြန်တဲ့
Some Tasks for Education ရဲ့ အဆက်ဖြစ်နေတာပေါ့"
"ဟုတ်တယ်။ စာဖတ်တာနဲ့ပတ်သက်လို့ ရေးထားတာ။
ဒီမှာရေးထားတာက တကယ့်တက္ကသိုလ် စစ်စစ်ဟာ စာအုပ်တွေစုထားတာဖြစ်တယ်"တဲ့။
"ဒါဆိုမိမိတို့အိမ်က တကယ့်တက္ကသိုလ်ပဲပေါ့။
ဘာဖြစ်လို့လဲဆိုတော့ စာအုပ်တွေစုထားတာပဲ မဟုတ်လား"
"ဟုတ်တယ်။ နောက်ဒီမှာ ရေးထားသေးတယ်။
'စာဖတ်တဲ့သင်တန်းမှာ နမူနာတွေ ဖတ်ပြရင် ရှင်းပြရင် ကျောင်းသားတွေဟာ ကျေနပ်နေတယ်။ စိတ်ဝင်တစားနဲ့
နားထောင်တယ်။ ဒါပေမယ့် တကယ် ဖတ်ဆိုရင် မဖတ်ဘူး' တဲ့။ ဒါ သူ့အတွေ့အကြုံကို ပြောပြတာ"
"ဒါဆို အခုမိမိလည်း ဒီလိုပဲ ဖြစ်နေတာပဲ။
အိမ်မှာ စာလာဖတ်တဲ့ ကလေးတွေကို မိမိကဖတ်ပြရင် သတို့က ၀မ်းသားအားရနဲ့ ပါးစပ်ကလိုက်ဆို၊
မေးတာဖြေနဲ့ ပျော်စရာလေးပဲ။ ပုံပြင်တွေဖတ်ပြလည်း ဒီလိုပဲ။ မိမိစာဖတ်ပြပြီးလို့ သူတို့ဘာသာဖတ်ဖို့
ပြောခဲ့ရင် စိတ်မပါတော့ဘူး။ ဒါကလည်း အလေ့အကျင့် လိုတယ် ထင်ပါတယ်။ သူတို့စာဖတ်ပါများရင်
သူတို့လည်း ပျော်သွားတာပါပဲ။"
"နောက်တစ်ချက် ဒေါက်တာ Center ပြောတာက
စာဖတ်သင်တန်းတတ်ဖို့လာတဲ့သူတွေ လိုချင် တာက အစီရင်ခံစာ၊ ငွေစာရင်းရှင်းတမ်း၊ အချက်အလက်တွေ၊
ဇယားတွေ၊ နည်းပညာဆိုင်ရာ ကျမ်းတွေ၊ ပြဋ္ဌာန်းစာအုပ်တွေကို ဖတ်ပြီး မြန်မြန်နားလည်သွားနိုင်တဲ့
ပုံသေနည်းတွေ လိုချင်တယ်။ သူရဲ့ စာဖတ် သင်တန်းက သူတို့လိုအပ်ချက်ကို မပေးနိုင်ဘူး။
ဒီတော့စိတ်ပျက်သွားတယ်။"
"မိမိဆီမှာ စာလာဖတ်တဲ့ ကလေးတွေကတော့
အဲဒီလောက် အသက်မကြီးသေးတော့ သူတို့ တောင်းဆိုချက်က ဒီလောက်တော့မများပါဘူး။ သူတို့ထဲက
အတန်းကြီးတဲ့ ကလေးတွေက အင်္ဂလိပ်စကား ပြောတတ်ချင်တယ်။ ဒီစာအုပ်တွေ ဖတ်ရင် အင်္ဂလိပ်လိုပြောတတ်ပြီလားလို့
မေးတယ်။ ရှင်သာဆို မေမေ့ လိုပဲ ဒီမေးခွန်းအတွက် စိတ်ဆိုးမှာပဲ။ မိမိကတော့ များများဖတ်၊
အသံထွက်ပြီးဖတ်ရင် ပြောတတ်မှာပေါ့လို့ ဘဘလိုဖြေလိုက်တယ်။ တကယ်သာ စာများများဖတ်ရင် မပြောတတ်စရာ
မရှိဘူးလို့ ကိုယ့်အတွေ့အကြုံနဲ့ သူတို့ကို အားပေးတာပါ။ ဒါပေမယ့် ဒီနေရာမှာလည်း မိမိရှုံးတာပါပဲ။
သူတို့က တစ်ပတ်နှစ်ပတ်လောက် စာဖတ်လိုက်ရုံနဲ့ စကားပြောတတ်ချင်ကြတာကိုး။"
"ဒါနဲ့ပဲ မင်းစာအုပ်တွေ လာဖတ်တဲ့ လူနည်းသွားတာပေါ့"
"မိမိကတော့ လက်မလျော့ပါဘူး။ နိုင်ငံတကာ
သတင်းတွေမှာ လေ့လာရင် စာကြည့်တိုက် ပေါ်ပေါက်လာတာ မိဘဆရာအသင်းပေါ်ပေါက်လာတာတွေဟာ တစ်ယောက်နှစ်ယောက်က
စတယ်လို့ ဆိုထားတယ်မဟုတ်လား။"
"မင်းစိတ်ဓါတ်ကိုတော့ ချီးကျူးပါတယ်။
နောက် ဒေါက်တာ Center ကရေးထားတယ်။ စာဖတ်တဲ့ အလေ့အကျင့်ကို အသက် (၂၀) အောက်မှာပဲ စသင့်တယ်တဲ့။
အသက် ၂၀ ကျော်သွားရင်မရတော့ဘူးတဲ့"
"ဒါဆို မိမိအတွက် မျှော်လင့်ချက်ရှိပါတယ်။
ဒီမှာ စာလာဖတ်တာက ကလေးတွေပဲလေ။ လူကြီး တွေက ကွန်ပျူတာသင်တန်း၊ အင်္ဂလိပ်စာ၊ ဂျပန်စာ၊
ပြင်သစ်စာ သင်တန်းတွေနဲ့ အားမှမအားကြပဲ။"
"မင်း စာဖတ်စေချင်တဲ့ စေတနာလေး အောင်မြင်ပါစေကွာ၊
အင်း စိတ်ဓါတ်ကျမှစိုးလို့ ဒီဆောင်းပါး လေး ဖတ်ပြတာပါ"
"ကျေးဇူးပါပဲ ဆရာကြီးရယ်"
တက္ကသိုလ်ရွှေရီဲဝင်း
Comments
Post a Comment