နိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ တက်ရောက်သည့်အတွေ့အကြုံ စတုတ္ထပိုင်း- အဖွဲ့ (၁၃)ဖွဲ့ ဆွေးနွေး တင်ပြချက်များ - ဒေါက်တာခင်မောင်ဝင်း(သင်္ချာ)
နိုင်ငံလုံးဆိုင်ရာ
ပညာရေးညီလာခံ တက်ရောက်သည့်အတွေ့အကြုံ စတုတ္ထပိုင်း-
အဖွဲ့
(၁၃)ဖွဲ့ ဆွေးနွေး တင်ပြချက်များ
ဒေါက်တာခင်မောင်ဝင်း(သင်္ချာ)
Academic Weekly Educational
Journal Vol2 N0.30
ထိုညီလာခံကို ၂၀၁၃ခုနှစ် ဇွန်လ ၈ရက်နှင့်
၉ရက်တို့တွင် ပြုလုပ်ရာတွင် အစီစဉ်မှာ အောက်ပါ အတိုင်းဖြစ်သည်။
(၁) အဖွင့်အမှာစကား
(၂) အဖွဲ့ (၁၃) ဖွဲ့ခွဲ၍ ဆွေးနွေးခြင်း
(၃) အဖွဲ့ (၁၃) ဖွဲ့ပြန်လည်တွေ့ဆုံ၍ ဆွေးနွေးတင်ပြခြင်း။
တက်ရောက်သူများပါ ပါဝင်ဆွေးနွေးခြင်း။
ယခုဆောင်းပါးတွင် အဖွဲ့ (၁၃) ဖွဲ့၏ ဆွေးနွေးတင်ပြချက်များကို
ဖော်ပြပါမည်။
(၁) ကလေးသူငယ်များ၏ ရှေးဦးသင်ပညာရေး။
ထိုအဖွဲ့တွင် အဓိက ဆွေးနွေးတင်ပြချက်များမှာ
Ø
ကလေးများ၏
မိခင်ဘာသာစကားကို အလေးပေးခြင်း။
Ø
ရှေးဦးပညာရေးသင်ရိုးနှင့်
မူလတန်းအဆင့်သင်ရိုးတို့ ဆက်စပ်မှုရှိရန်။
Ø
ယင်းဆရာ၊
ဆရာမများသည် ကလေးစိတ်ပညာကို နားလည်ကျွမ်းကျင်ရန်နှင့် စိတ်ဝင်စားရန်။
Ø
ယင်းဆရာ၊
ဆရာမများ၏ လစာနှင့် အခွင့်အလမ်းများသည် အခြားဆရာ၊ ဆရာမများနှင့် တန်းတူရှိရန်။
(၂)
မသင်မနေရ အခြေခံပညာရေး (မူလတန်းမှ အလယ်တန်း) မသင်မနေရပညာရေးသည် အခမဲ့ဖြစ်ပြီး၊ သင်ရိုးများသည်
အခြေခံမှ အဆင့်မြင့်အထိ ဆက်စပ်မှုရှိရန်။
သင်ကြားသင့်သည် ဘာသာရပ်များမှာ -
- ဘာသာစကားများ (မိခင်ဘာသာစကား၊ မြန်မာစာ၊ အင်္ဂလိပ်စာ)
- သင်္ချာ
- သဘာဝသိပံÜ
- လူမှုရေးဘာသာရပ်များ (ပထ၀ီ၊ သမိုင်း၊ ယဉ်ကျေးမှု၊
လူမှုဆက်ဆံရေး)
- စိုက်ပျိုးရေး၊ စက်မှုနှင့် ဆက်သွယ်ရေးပညာများ
- ပန်းချီ၊ ဂီတ၊ အနုပညာ
- နိုင်ငံသားပညာရေး (Citizenship/Civic
Educational)
- ကျန်းမာရေးနှင့် အားကစား
(၃) အခြေခံအထက်တန်းပညာရေး။
ဤအဖွဲ့တွင် တက္ကသိုလ်အကြို အခြေခံအထက်တန်းနှင့်
အခြေခံအထက်တန်းအသက်မွေးဝမ်းကျောင်းဟူ၍ နှစ်ပိုင်းခွဲခြားထားပြန်သည်။
မသင်မနေရအခြေခံအလယ်တန်းပြီးဆုံးသူများသည်
ထိုလမ်းကြောင်းနှစ်ခုအနက် တစ်ခုကို ရွေးချယ်နိုင်သည်။
ပြီးသည့်နောက် သက်ဆိုင်ရာ သင်ရိုးညွှန်းတမ်းများခေါင်းစဉ်များကို
ဆွေးနွေးကြသည်။ အခြေခံ အသက်မွေးဝမ်းကျောင်းသာဘာရပ်တွင် ဒေသဆိုင်ရာ စီပွားရေးလုပ်ငန်းများတွင်
လိုအပ်သည့် နည်းပညာ များကို ဦးစားပေးသင်ကြားမည်။
(၄) အဆင့်မြင့်ပညာရေး။ (Higher Education)
ဤအဖွဲ့တွင် ဆွေးနွေးသည့်အကြောင်းအရာများမှာ
-
- စစ်တက္ကသိုလ်ဗိုလ်လောင်းများသည် ၀ိဇÆာ၊ သိပÜံဘာသာရပ်များကို
အများတက်သည့် တက္ကသိုလ် များတွင် သင်ယူပြီး၊ စစ်သင်တန်းကိုသာ စစ်တပ်တွင်း၌ သင်ယူရန်။
- တက္ကသိုလ်ကောလိပ်တို့၏ ဘာသာရပ်ဆိုင်ရာ သင်ရိုးညွှန်းတမ်းများကို
၎င်းတို့၏ ဘာသာရပ်ဌာန အသီးသီးတို့က ရေးဆွဲရန်။
- တက္ကသိုလ်သုံးသာဘာစကား (မြန်မာ၊ အင်္ဂလိပ်၊ နှစ်မျိုးပေါင်း)
ကို သက်ဆိုင်ရာ တက္ကသိုလ်က ဆုံးဖြတ်ရန်။
- ဘွဲ့ယူစာတမ်းစစ်ဆေးမှုကို အခြားအသိအမှတ်ပြု တက္ကသိုလ်နှင့်
ပူးပေါင်းဆောင်ရွက်ရန်။
(၅) ကျောင်းပြင်ပ ပညာရေး။
- ၎င်းသည် ကျောင်းမနေဖူးသူများ၊ ပညာရေးတစ်ပိုင်းတစ်စဖြင့်
လူများ၊ ပညာရှာလိုသူများအတွက် ဖြစ်သည်။
- ဒေသအသီးသီးတွင် အဆင့်အလိုက်ကျောင်းချိန်ပြင်ပနှင့်
ကျောင်းပိတ်ရက်တွင် ကျောင်းပြင်ပ ပညာရေးဌာနများဖွင့်လှစ်မည်။
- ကျောင်းပြင်ပပညာရေးတက်ရောက်သူများသည် သူအဆင့်နှင့်သူ
စာမေးပွဲများ ၀င်ရောက်ဖြေဆို နိုင်သည်။
- စာမေးပွဲဖြေဆို၍ အောင်သောအခါ၊ ပညာဆက်လက်၍ သင်ယူနိုင်သည်။
(၆) ပုဂ္ဂလိကကျောင်းနှင့် တက္ကသိုလ်များ
- ပုဂ္ဂလိကကျောင်းနှင့် တက္ကသိုလ်များတွင် သင်ကြားမည့်
ဆရာ၊ ဆရာမများသည် ပညာရေးဝန်ကြီး ဌာနမှ ခန့်အပ်ထားသည့် ဆရာများကောင်စီမှ အသိအမှတ်ပြုသည့်
"ဆရာ၊ ဆရာမ လုပ်ပိုင်ခွင့်လက်မှတ် (Teacher Licence) ရရှိသူများဖြစ်ရမည်။"
- ပုဂ္ဂလိကကျောင်းနှင့် တက္ကသိုလ်တို့မှ အဆင့်တစ်ခုခုကို
အောင်မြင်သူများသည် နိုင်ငံပိုင်ကျောင်း နှင့် တက္ကသိုလ်တို့မှ အလားတူ အဆင့်နှင့်တန်းတူရှိရမည်။
(၇) ဘုန်းတော်ကြီးကျောင်းသင် ကျောင်းပညာရေး။
ဘုန်းတော်ကြီးသင် ကျောင်းသားများသည် မြန်မာနိုင်ငံ၏
သမိုင်းနှင့်အတူ ပေါ်ထွန်းလာခဲ့သည့် ကျောင်းများဖြစ်သည်။ ဤအစဉ်အလာကို အသိအမှတ်ပြုရန်လိုသည်။
နိုင်ငံ၏ လိုအပ်ချက်အရ အလို အလျောက်ပေါ်လာခြင်းဖြစ်သည်။ ပေါ်ပေါက်သည့် ပမာဏ၊ ပေါ်ပေါက်သည့်အဆင့်မှာလည်း
သူလိုအပ်သ လောက် ဖြစ်နေခြင်းဖြစ်သည်။ မလိုအပ်သည့်အခါတွင်လည်း အလိုအလျောက် ပျောက်ကွယ်သွားပြီး၊
လိုအပ်လျှင် လိုအပ်သလို၊ လိုအပ်သလောက်၊ လိုအပ်သည့် ပုံစံဖြင့်ပေါ်ထွန်းနေမည်ဖြစ်သည်။
(၈) ဘာသာရေးအသင်းအဖွဲ့မှ ဖွင့်လှစ်ထားသည့်ကျောင်းများ
ဘာသာရေး (ဗုဒ¨ဘာသာ၊ ခရစ်ယာန်၊
ဟိန္နူ၊ အစ္စလာမ်စသည့်) အသင်းအဖွဲ့မှ ကျောင်းများသည် လူတိုင်းလွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကို
လက်ခံ၍ အခြားဘာသာများအပေါ် ဝေဖန်တိုက်ခိုက်ခြင်း၊ ဂုဏ်သိက္ခာညိုးနွမ်းအောင် လုပ်ခြင်းတို့
လုံးဝမရှိစေရ။
(၉) အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ ဖွင့်လှစ်သည့်အခမဲ့ပညာဒါနကျောင်းများ
- အဆိုပါ ပညာဒါနကျောင်းများ၏ တရားဝင်ရပ်တည်ရေးအတွက်
ဥပဒေပြဌာန်းရန် လိုအပ်သည်။
- ပညာဒါနကျောင်းများသည် အသက်မွေးဝမ်းကျောင်းနှင့်
ကျောင်းပြင်ပပညာရေးသင်ကြားသော ကျောင်းများဖြစ်ပါက သက်ဆိုင်ရာဘာသာရပ်တွင် အသိအမှတ်ပြုလက်မှတ်ရရှိပြီးသည့်
ကျွမ်းကျင်သည့် ဆရာ၊ ဆရာမများဖြစ်ရမည်။
- ပညာဒါနကျောင်းများ၏ အခြေခံပညာ မူလတန်း၊ အလယ်တန်းနှင့်
အထက်တန်းတက်ရောက် သော ကျောင်းသား၊ ကျောင်သူများနိုင်ငံတော်မှ ဖွင့်လှစ်သည့် ကျောင်းများသို့
ပြောင်းရွေ့တက်ရောက် သင်ကြားပိုင်ခွင့်ရှိသည်။
(၁၀) ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍ
ဤအခန်းတွင် ဆရာ၊ ဆရာမများ၏ အရည်အသွေးကို
တော်တော်အလေးပေး၍ ဆွေးနွေးကြ သည်။ ၎င်းတို့ကို တတိယဆောင်းပါးတွင် ဖော်ပြပြီးပါပြီ။
(၁၁) ပညာရေးအထူးလိုအပ်ချက်။
- အားနည်းချက်တစ်ခုခုကြောင့် ပညာသင်ယူရန် အခက်အခဲရှိသော
သူများကို ဆိုလိုသည်။
- အထူးလိုအပ်ချက်ရှိသော ကလေးများကို ခွဲခြားခြင်းမရှိဘဲ
အခြားသူများဖြင့် အတူကတွသင်ကြား ပိုင်ခွင့်ရှိသည်။
- ပညာရေးဝန်ကြီးဌာနတွင် အထူးလိုအပ်ချက်ရှိသော ကျောင်းသူ၊
ကျောင်းသားများအတွက် ပညာရေးဌာန (Special Education Department) သီးသန့်ထားရှိရမည်။
(၁၂) တိုင်းရင်းသား ဘာသာစကားသင်ကြားရေး
- တိုင်းရင်းသားကျောင်းသူ၊ ကျောင်းသားများသည် ဗမာစကားကို
နားမလည်။
- ထိုဒေသများရှိ ဆရာ၊ ဆရာမများသည် တိုင်းရင်းသားဘာသာစကားကို
မတတ်။
- ထို့ကြောင့် စကားပြန်နှင့်သင်ကြားနေရသည်။
- ထိုပြဿနာများကို အလေးပေးစဉ်းစားဖြေရှင်းရမည်။
(၁၃) စစ်ပြေးဒုက္ခသည် ရွေ့ပြောင်းအလုပ်သမားများ၏ ပညာရေး။
- အဆိုပါကျောင်းသူ၊ ကျောင်းသားများအား ကျောင်းဝင်ခွင့်စာမေးပွဲကျင်းပ၍
အသက်အရွယ်အရည် အချင်းနှင့် ကိုက်ညီသည့် အတန်းအဆင့်တွင် တက်ရောက်ခွင့်ပြုမည်။
- ပြည်တွင်းစစ်များကြောင့် ဖွင့်လှစ်သင်ကြားခဲ့သော
စာသင်ကျောင်းများနှင့် ဆရာ၊ ဆရာမများကို အသိအမှတ်ပြုသည်။
ဤသည်ကား အဖွဲ့ ၁၃ ဖွဲ့၏ တင်ပြဆွေးနွေးချက်များထဲမှ
အဓိကကျသော အချက်များကို ပြန်လည်တင်ပြခြင်းဖြစ်ပါသည်။
Comments
Post a Comment