Friday, February 27, 2015

ကျွန်တော် နဲ့ ကျွန်မ တက္ကသိုလ်ရွှေရီဝင်း




ကျွန်တော် နဲ့ ကျွန်မ

တက္ကသိုလ်ရွှေရီဝင်း
(181, 2007, April အတွေးအမြင်)
စာဖတ်သူတို့ မင်္ဂလာဧည့်ခံပွဲ ဖိတ်စာအမျိုးစုံကို တွေ့ဖူးကြမှာ ဖြစ်ပါတယ်။ သည်တစ်ခါ စာရေးသူတွေ့ရတဲ့ ဖိတ်စာလေးက တစ်မျိုး ထူးဆန်းနေပါတယ်။ ဖိတ်စာပုံစံ၊ အထားအသိုအားလုံး မြင်နေကျ ဖိတ်စာမျိုး မဟုတ်ပါ။ ပိုပြီးထူးခြားတာက နောက်ဘက်မှာ ရေးထားတဲ့ 'ကျွန်တော်နဲ့ကျွန်မ' ဆိုတဲ့ စာမျက်နှာလေးပါ။ (ဒီနေရာမှာတော့ 'ကျွန်တော်'က သတိုးသား မင်းငြိမ်းချမ်းနဲ့ 'ကျွန်မ'က သတိုးသမီး အေးသီတာဝင်းကို ရည်ရွယ်ထားတာပါ) အဲဒီမှာ ကျွန်တော်နဲ့ကျွန်မတို့ရဲ့ စိတ်နေသဘောထားလေးတွေ အကြိုက်လေးတွေကို ဖွဲထားပါတယ်။ စာဖတ်သူက ဒါကို စိတ်ကူကိုယ်တူလေးတွေရွေးပြီး ရေးထားတာလို့ ထင်ပါလိမ့်မယ်။
          အဲဒီအတွက် အဲဒီဖိတ်စာမှာ ရေးထားတာလေး တစ်ချို့ကို နှိုင်းယှဉ်စရာရေးပြပါ့မယ်။
          ကျွန်တော်က လဆန်းဆို
          ကျွန်မက လဆုတ်။
   ကျွန်တော်က Feminism စွဲကိုင်သူကို
          အိပ်မက်ချင်တယ်။
            ကျွန်မကတော့
'လင်ကိုဘုရား၊ သားကိုသခင်' ဆိုတာကို
          အလွတ်ရနေတယ်။
          ဟော ကြည့်ပါဦး။
ကျွန်မက အရပ်ရှည်ရှည်၊
          ကျွန်တော်က ခပ်ပုပု။
          ဒါလေးတွေက သူတို့ရေးထားတာရဲ့ တစိတ်တဒေသ ဖြစ်ပါတယ်။ ဒီသဘောအရတော့ လူတွေ လက်ခံသလို စိတ်တူ ကိုယ်တူတွေ အိမ်ထောင်ကျကြတယ်ဆိုတာ ဟုတ်ပါရဲ့လားလို့ စဉ်းစားစရာ ဖြစ်တယ်။ စာရေးသူ လေ့လာမှတ်သားမိသမျှ အိမ်ထောင်သည်တွေဟာ တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်ကြပြီး စိတ်သဘောထားချင်း တိုက်ဆိုင်ကြလို့ အိမ်ထောင်ပြုကြတာလို့ ဆိုပါတယ်။ ဒါပေမယ့် နေရာတကာမှာ စိတ်သဘောထားဟာ ထပ်တူထပ်မျှဖြစ်လိမ့်မယ်လို့ ထင်လို့မရဘူးတဲ့။ အဲဒီလိုထပ်တူထပ်  မျှမဖြစ်တာ၊ မတူတာတွေရှိနေတာကိုက အိမ်ထောင်တစ်ခုမှာရှိရမဲ့ အရည်အချင်းပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ   မှာတော့ နိုင်ငံခြားတိုင်းပြည်တွေမှာလို သုတေသနပြုပြီး စစ်တမ်းတွေ လိုက်လံကောက်ယူထားခြင်း မရှိပါဘူး။ စစ်တမ်းသာကောက်ရင် အိမ်ထောင်သည်တွေအတွက် အားအင်တွေ၊ စိတ်ချမ်းသာမှုတွေ တွေ့ရမှာသေချာတယ်။ အခုလိုပြောရတာက ကိုယ်တွေ့ မြင့်တွေ ကြုံကြိုက်ရတဲ့ အကြောင်းတွေကြောင့် ဖြစ်ပါတယ်။
          အနီးကပ်ဆုံးဥပမာကို ပေးပါ့မယ်။ စာရေးသူရဲ့ ဖခင်ဟာ တစ်ယောက်ထဲ  မနေတတ်ပါဘူး။ ဘေးမှာ ဇနီးနဲ့ သားသမီးတွေရှိမှ နေတတ်ပါတယ်။ ဖေဖေကကြောက်လည်း ကြောက်တတ်ပါတယ်။   မေမေက စိတ်ဓါတ်ကြံ့ခိုင်ပြီး တစ်အိမ်လုံး မေမေကပဲ ဦးဆောင်ပြီး ထိန်သိမ်းပါတယ်။ ဖေဖေလောက် သားသမီးတွေကို သံယောဇဉ်ရှိကြောင်း ပြမနေတတ်ပါဘူး။
          သချာင်္ဆရာကြီးရဲ့ ဖခင် ဘဘကတော့ စာသင်နေရရင် ပျော်တယ်။ တပည့်တွေနဲ့ တရုန်းရုန်း နေတတ်ပါတယ်။ မေမေက တစ်ယောက်ထဲ စာဖတ်နေရတာ စာရေးနေရတာ ကြိုက်ပါတယ်။ ဘဘက ဟင်းဖွယ်ဖွယ်ရာရာ စားတတ်တယ်။ မေမေက ဟင်းချက်တဲ့အလုပ်၊ မီးဖိုချောင်အလုပ်ကို မုန်းပါတယ်။ ဘဘက အအေးကို ကြောက်ပြီး မေမေက အပူကို ကြောက်ပါတယ်။
          ဒါဆိုစာရေးသူနဲ့ သချာင်္ဆရာကြီးကရော။ သူက သရဲကြောက်တတ်တယ်လို့ ပြောပါတယ်။ တစ်ယောက်တည်း မအိပ်ရဲပါဘူးတဲ့။ တစ်ဦးတည်းသောသားက တစ်ယောက်တည်း မအိပ်ရဲဘူးဆိုတော့ မိန်းမ မရခင် ဘယ်လိုနေခဲ့သလဲပေါ့။ သူ့မှာ ငယ်ငယ်က ၀မ်းကွဲညီတွေရှိခဲ့တယ်။ ကြီးတော့ သူ့အစ်ကိုလို ခင်တဲ့မိတ်ဆွေက  အဖော်လုပ်တယ်။ နောက်ပိုင်းကျတော့ အိပ်ရာဘေးမှာ စာပွဲတင် မီးအိမ်ထားပြီး မီးရောင်ကို အဖော်ပြုတယ်တဲ့။ အိပ်မက်ထဲကြောက်စရာမက်ရင် မီးခလုတ်ရှာမတွေ့တတ်လို့ မီးခလုတ် ဖွင့်တဲ့ ကြိုးကို အိပ်ရာထဲမှာထားထားတယ်ဆိုပဲ။  စာရေးသူက မောင်နှမရှစ်ယောက်ရှိတဲ့ မိသားစုဆိုတော့ သူ့လိုကြောက်စရာမလိုပါ။ အိပ်မက်ထဲလဲ သရဲမခြောက်တတ်ပါ။ ဒီတော့ သရဲကြောက်တတ်တဲ့လူနဲ့ သရဲမကြောက်တတ်တဲ့လူ အိမ်ထောင်ကျတယ် လို့ပြောရပါမယ်။ ဒါကြောင့် ဘဘနဲ့မေမေက ချွေးမဖြစ်သူကို မကြာခဏစတတ်တာ တစ်ခုရှိပါတယ်။ အဲဒါကတော့ 'ကိုခင်မောင်ဝင်းက တစ်ယောက် တည်းမအိပ်ရဲလို့ မိန်မယူတာ' ဆိုပြီတော့ပါပဲ။ သူကအိပ်ရင် စောင်မခြုံတတ်ဘူး။ စာရေးသူကအိပ်ရင် စောင်ပါးပါးလေးခြုံပြီး အိပ်တတ်တယ်။ သူကရေချိုးရမှာ ပျင်းတယ်။ ဖြစ်နိုင်ရင် ရေမချိုးဘဲနေချင်တယ်တဲ့။ စာရေးသူကတော့ တစ်နေ့နှစ်ခါရေချိုးရမှ လန်းဆန်းတယ်။ တစ်ပတ်တစ်ခါခေါင်းလျှော်တယ်။ ဒီတော့သူက 'မင်တို့မိန်းမတွေတော်တော်ရေကြိုက်တာပဲ'တဲ့။ ချက်ပြုတ်ရဆေးရကြောရနဲ့ ရေကြိုက်တာမဆန်းဘူးဆိုတာ မိန်းမခြင်းပဲ နားလည်ပါလိမ့်မယ်။
          နောက်ထပ် ဥပမာလေးတစ်ခု ပြောရပါအုံးမယ်။ စာရေးသူတို့နှစ်ယောက်စလုံနဲ့ ခင်မင်တဲ့ ဇနီးမောင်နှံအကြောင်းဖြစ်ပါတယ်။ ယောက်ျားက အအေးကြိုက်ပြီး မိန်းမက အအေးမခံနိုင်ဘူးတဲ့။
          ဒီတော့ ယောက်ျားက ပူတဲ့အခါ အိုက်လို့ဆိုပြီး အပြင်ထွက် အိပ်လိုက်၊ ချမ်းရင် အိမ်ထဲပြန်ဝင်လိုက် နဲ့ သူ့ဇနီးဟာညကို ကောင်းကောင်း မအိပ်ရဘူးတဲ့။ သူကတော့ အိုက်ရင် အိမ်ရှေ့ထွက်သွား၊ အေးလာရင် အခန်ထဲပြန်ဝင်အိပ်နဲ့ တစ်ညတာကုန်တော့တယ်။ 
          စာဖတ်သူတို့လဲ စာရေးသူနဲ့ သဘောတူကြမဲ့ အချက်ကတော့ ယောက်ျားတော်တော်များများဟာ ခေါင်းချတာနဲ့ အိပ်ပျော်တတ်တယ်ဆိုတာပါပဲ။ အဲဒါကြောင့် စောစောကလူဟာ အပြင်ထွက်လဲ အပြင်မှာ အိပ်ပျော်၊ အေးလို့အခန်းထဲပြန်ဝင်ပြီး အိပ်တော့လဲ အိပ်ပျော်ပါပဲ။ သူ့ဇနီးကတော့ သူ့ယောက်ျားဝင်လာရင် ပြန်ထွက်သွားရင် အအိပ်ဆတ်လို့ နိုးပြီးပြန်မအိပ်နိုင်တော့ဘူးတဲ့။ သူအိပ်ပျော်ခါစပဲ ရှိသေးတယ်။ သူယောက်ျားက ထွက်လိုက်ဝင်လိုက်လုပ်ပြန်ရောတဲ့။ ကဲ ဒီပြဿနာကို နောက်ဆုံးတော့ ခေတ်မီ နည်းပညာနဲ့ ဖြေရှင်းလိုက်ကြပါတယ်။ အဲဒါက Air Con တပ်လိုက်တာပဲလို့ပြောတယ်။ ဒီတော့မှ သူ့ယောက်ျားလဲ အေးအေးဆေးဆေးအိပ်တော့တယ်တဲ့။ ဒါဆိုသူကရော။ သူကတော့ အအေးဒဏ်ကို စောင်အထပ်ထပ်ခြုံပြီး အိပ်ရတယ်လို့ပြောတယ်။
          ဒါဟာအိမ်ထောင်ပါပဲ။
                                                                                                တက္ကသိုလ်ရွှေရီဝင်း


၁။ သချာင်္ဆရာကြီး= ဒေါက်တာခင်မောင်ဝင်း
၂။ ဘဘ =ဆရာကြီးဦးခင်မောင်လတ်
၃။ မေမေ=ဆရာမကြီးဒေါ်ခင်မျိုးချစ်

                                               



 

Wednesday, February 25, 2015

အာဏာ၊ အင်အား၊ လုပ်ပိုင်ခွင့်ဟူသော သဘောတရားများ ဒေါက်တာခင်မောင်ဝင်း(သင်္ချာ)



အာဏာ၊ အင်အား၊ လုပ်ပိုင်ခွင့်ဟူသော သဘောတရားများ
ဒေါက်တာခင်မောင်ဝင်း(သင်္ချာ)

နိုင်ငံရေးဝေါဟာရ အဖြစ်အဓိပပ္ပါယ်သတ်မှတ်မည်ဆိုလျှင် အာဏာ (Power), အင်အား (force) နှင့် လုပ်ပိုင်ခွင့် (Authority) တို့ကို အောက်ပါအတိုင်းသတ်မှတ်နိုင်သည်။
Power (အာဏာ) လူတစ်ဦး သို့မဟုတ် အုပ်စုတစ်ခုကို သူတို့ဆန္ဒအရ မလုပ်သောအလုပ်ကို လုပ်ရန်တွန်းအားပေးသော အင်အားဖြစ်သည်။ Force (အင်အား) လူပုဂ္ဂိုလ်များကို ရုပ်အားဖြင့် အန္တရယ်ပြု ခြင်းအားဖြင့် ၎င်းတို့အစွမ်းကို ယုတ်လျော့စေသောအရာ။
Authority (လုပ်ပိုင်ခွင့်) အာဏာနှင့်အင်အားကို တရားဝင်အသုံးပြုနိုင်သော အခွင့်အရေး။
ဤအဓိပပ္ပါယ်သတ်မှတ်ချက်များသည် နိုင်ငံရေးရှုထောင့်မှပေးထားခြင်းဖြစ်သည်။ Power နှင့် Force တို့ကို ရှုပသိပံပ္ပရှုထောင့်မှလည်း အဓိပပ္ပါယ်သတ်မှတ်နိုင်သေးသည်။ ဤဆောင်းပါးတွင် သိပံပ္ပရှုထောင့်ကို မပြောတော့ဘဲ နိုင်ငံရေးဝေါဟာရအဖြစ်သာလေ့လာပါမည်။
နိုင်ငံရေးဝေါဟာရများအားလုံးသည် အစဉ်အမြဲအငြင်းပွားစရာများရှိနေပါသည်။ ၎င်းသည်နိုင်ငံရေး ဝေါဟာရများ၏ သဘာဝ၊ ဖြစ်ရိုးဖြစ်စဉ်ဖြစ်သည့်အတွက် ရှောင်လွှဲ၍ရသောအရာမဟုတ်ပါ။
အာဏာနှင့်လုပ်ပိုင်ခွင့်သည် တစ်ခါတစ်ရံတွင် တစ်ခုနှင့်တစ်ခုဆန့်ကျင်ဘက်များဖြစ်နေတတ် သည်။ အာဏာသည် သေနပ်ပြောင်းဝတွင်ရှိသည်ဟူသော အဆိုရှိသကဲ့သို့ လုပ်ပိုင်ခွင့်သည် သဘော တူညီမှုကိုဖြစ်စေသည်ဟူ၍ အဆိုရှိသည်။ အာဏာနှင့်လုပ်ပိုင်ခွင့်ကို နိုင်ငံရေးနှင့်လူမှုရေးသဘောတရား အရ လေ့လာမည်ဆိုလျှင် အာဏာသည် လူတစ်ဦး သို့မဟုတ် လူတစ်စုကို ဘာလုပ်ရမည်ကို အမိန့်ပေး ခြင်းနှင့် ဆိုင်သည် လုပ်ပိုင်ခွင့်သည် လုပ်ကိုင်သောအလုပ်၏ မှန်ကန်ခြင်းတရားမျှတခြင်းနှင့် ဆိုင်သည်ဟု ဆိုနိုင်သည်။ လူတစ်ယောက်ယောက်ကို တစ်ခုခုလုပ်ရန် အာဏာသုံး၍ တွန်းအားပေးနိုင်သည်။ သို့သော် လုပ်ပိုင်ခွင့်ဖြင့်ခိုင်းသော အလုပ်ကို သူ့အလိုဆန္ဒအရလုပ်စေသည်။ ဤသည်ကား အာဏာနှင့် လုပ်ပိုင်ခွင့် တို့၏ နှိုင်းယှဉ်ချက်ဖြစ်သည်။
ပြင်သစ်ဒဿနပညာရှင် ဂျွန်းဂျပ်ရှုးစိုး (Jean Jacques Rousseau, 1712 – 78) က အာဏာနှင့် လုပ်ပိုင်ခွင့်တို့သည် ဒွံတွဲနေသဖြင့်၊ ခွဲ၍ မရနိုင်ဟုဆိုသည်။ အာဏာနှင့်လုပ်ပိုင်ခွင့်တို့၏ အဓိပပ္ပါယ်ဖွင့်ဆို ချက်များတွင် အင်အားမပါမဖြစ်ပါဝင်နေသည်။ ရှုးစိုး၏ အယူအဆမှာ အင်အားသည် ရုပ်ပိုင်းဆိုင်ရာနှင့် သက်ဆိုင်သော အာဏာဖြစ်သောကြောင့် အင်အားသည် အမှန်တရားနှင့်တရားမျှတမှုကို မရရှိနိုင် - ဟူ၏။ အင်အားသည် လူ့ကျင့်ဝတ် ကောင်းမွန်ခြင်းကို ဘယ်လိုဖြစ်နိုင်မည်နည်း - ဟု ရှုးစိုးက မေးခွန်းထုတ်ခဲ့ သေးသည်။ တစ်ဖက်တွင်လည်း၊ ရှုးစိုးက ဤသို့ဆိုထားသည် - အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံရသူကြားမှာ လူမှုရေးသဘောတူညီချက် (social contract) ဆိုတာရှိပါတယ်။ အဲဒီသဘောတူညီချက်အရ လူတိုင်းဟာ ဥပဒေကို လိုက်နာဖို့တာဝန်ရှိပါတယ်။ ဥပဒေကို မလိုက်နာတဲ့လူတွေကို လိုက်နာအောင်လုပ်နိုင်တဲ့ အင်အား မရှိရင် အဲဒီလူမှုရေးသဘောတူညီချက်ဟာ ဘာမှအဓိပပ္ပါယ်မရှိဖြစ်သွားပါလိမ့်မယ်။
ဤနေရာတွင် ရှုးစိုးသုံးသွားသော စကားတစ်ခုမှာ - 'လွတ်လပ်ဖို့အတွက် အင်အားသုံးရမယ်' (Forced to be free) ဟူ၍ ဖြစ်သည်။ အတိအကျဘာကိုဆိုလိုသည်ဟူသည်ကိုတော့ ဒဿနပညာရှင်များ အမျိုးမျိုးဖော်ထုတ်နေဆဲဖြစ်သည်။ အချုပ်အားဖြင့် ပြန်၍ ပြောရလျှင် အာဏာနှင့်လုပ်ပိုင်ခွင့်သည် တစ်ခု နှင့် တစ်ခုဆန့်ကျင်ဘက်ဖြစ်နေပြီး၊ ဆက်လည်းဆက်စပ်နေ၏။ ခွဲ၍မရအောင်လည်းတွဲနေ၏။
ဤသို့ဆိုလျှင် အာဏာနှင့်လုပ်ပိုင်ခွင့်သဘောတရားသည် လွယ်မလိုနဲ့တော်တော်ရှုပ်တာဘဲ။ နိုင်ငံရေးသိပံပ္ပဘာသာရပ်ကို ကျယ်ကျယ်ပြန့်ပြန့်သိလျှင် ပိုများရှင်းသွားနိုင်မလား - ဟု စဉ်းစားနိုင်သည်။
နိုင်ငံရေးသိပံပ္ပပညာရှင်များဘက်မှ ဤသို့ဆိုပြန်သည် - အာဏာနှင့်လုပ်ပိုင်ခွင့်တို့၏ ဆက်သွယ် ချက်သည် ထင်သလောက်ကြီးကျယ်သော ပြဿနာမဟုတ်ပါ။ နိုင်ငံများထဲတွင် မည်သည့်နိုင်ငံများသည် အာဏာကြောင့်တည်နေသနည်း။ မည်သည့်နိုင်ငံများသည် လုပ်ပိုင်ခွင့်ကြောင့်တည်နေသနည်း - ဟူသည် ကို ခွဲခြား၍ သိအောင် လုပ်လိုက်လျှင် ရှင်းသွားလိမ့်မည်။
အာဏာနှင့်လုပ်ပိုင်ခွင့်အကြောင်းကို ရေးသားကြသော နိုင်ငံရေးသိပံပ္ပပညာရှင်အများအပြားရှိပါ သည်။ အမျိုးသမီး နိုင်ငံရေးပညာရှင် အေပြီကာတာ (April Carter) က Authority and Democracy (1979) (လုပ်ပိုင်ခွင့်နှင့် ဒီမိုကရေစီ)ကျမ်းတွင် ရေးသားထားသည်မှာ - လုပ်ပိုင်ခွင့်ဟူသော အရာသည် သူတစ်ခုတည်းစစ်စစ်မရှိနိုင်ပါ။ လွတ်လပ်မှုကို အားပေးသည်ဟုဆိုသော ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အုပ်ချုပ်သော အစိုးရသည်ပင်လျှင် လုပ်ပိုင်ခွင့်စစ်စစ်ဖြင့် အုပ်ချုပ်နိုင်စွမ်းမရှိပါ။ အကြောင်းမှာ အစိုးရဖြစ် လျှင် နောက်ဆုံး၍ အင်းအားကိုအားကိုးရမည်ဖြစ်သည်။ မည်သည့်အစိုးရမဆို၊ မည်ကဲ့သို့ပင်အကြင်နာ တရားရှိစေကာမူ၊ အင်အားသုံးခြင်းကိုရှောင်၍ မရနိုင်ပါ။ နိုင်ငံရေးရှုထောင့်မှကြည့်လျှင် ဘာနဲ့မှမရောသော လုပ်ပိုင်ခွင့်စစ်စစ်သည် အတွေးနယ်ထဲတွင်သာ ရှိသောသဘောတရားသက်သက် ဖြစ်သည်။ ထို့ကြောင့် ၀ိယောဓိကိုရှောင်တိမ်း၍မရပါ။ အာဏာနှင့်လုပ်ပိုင်ခွင့်တို့သည် ဆန့်ကျင်ဘက် သဘောတရားများ ဖြစ်သော်လည်း ၎င်းတို့ကိုခွဲခြားထား၍ တော့မရပါ။ ဤသည်ကားအေပြီကာတာ၏ ရေးသားချက်များဖြစ် သည်။
အမျိုးသမီးနိုင်ငံရေးပညာရှင် ဘာဘရာဂွတ်ဒွင် (Barbara Goodwin) က Using Political Ideas (1997) (နိုင်ငံရေးသဘောတရားများကို သုံးခြင်း) ကျမ်းတွင် ဤသို့ရေးသားထားသည်ကို တွေ့ရသည်။ အာဏာနှင့် လုပ်ပိုင်ခွင့်ကို ခွဲခြားသတ်မှတ်အောင် ကြိုးပမ်းမှုများသည် ကျဆုံးဖို့သေချာသည်။ သာမန်နိုင်ငံ ရေးအခြေအနေအောက်တွင် နှင့် နိုင်ငံဆိုင်ရာအဖွဲ့အစည်းတိုင်းတွင် အာဏာနှင့်လုပ်ပိုင်ခွင့်သည် အတူ ယှဉ်တွဲ၍ ရှိနေကြပြီး တစ်ခုကို တစ်ခုပံ့ပိုးပေးနေကြသည်။ နောက်တစ်ဖက်မှ ကြည့်လျှင် နိုင်ငံရေးသိပံပ္ပ သဘောတရားသည် နိုင်ငံတော်ထက် ကျယ်ပြန့်သည်။ နိုင်ငံဟူသည် နိုင်ငံရေးသိပံပ္ပဘာသာ၏ တစ်စိတ် တစ်ဒေသမျှသာဖြစ်သည်။ နိုင်ငံရေးသိပံပ္ပတွင် လူပုဂ္ဂိုလ်အချင်းချင်းတို့၏ ဆက်သွယ်ချက်များကို ထည့်သွင်း စဉ်းစားသည်။ ဤနေရာတွင် အာဏာနှင့်လုပ်ပိုင်ခွင့်တို့ကို ခွဲခြားနိုင်လိမ့်မည်။ ဤသည်ကား ဘာဘရာဂွတ် ဒင်၏ရေးသားချက်ဖြစ်၏။
          တေလာ (Taylar) သည် အစိုးရမပါသောအဖွဲ့အစည်းများ (Stateless societies) များကို အထူး စိတ်ဝင်စားသူ ဖြစ်သည်။ သူ၏ကျမ်း Community, Anarchy and Liberty (1982) အဖွဲ့အစည်း၊ မင်းမဲ့ဝါဒ နှင့် လွတ်လပ်မှု) တွင် ရေးသားထားသည်မှာ အင်အားမသုံးသော လူ့အဖွဲ့အစည်းမျိုးသည် ဖြစ်နိုင်ချေရှိ သည်ဟု ဆိုသည်။ တစ်ဖန်လက်ဝဲ၀ါဒီ မက်ဖါစန် (Macpherson, 1911-87) ကမူ မိသားစုတိုင်းတွင် ကုန် ပစ္စည်းများထုတ်ရောင်းချရန်လည်းကောင်း၊ အလုံအလောက်ရှိသော လူ့အဖွဲ့အစည်းတွင် အင်အား မသုံး ဘဲ ပူးပေါင်းဆောင်ရွက်၍ နေနိုင်သည်။ ယင်းလူ့အဖွဲ့အစည်းသည် အာဏာမပါဝင်သော လုပ်ပိုင်ခွင့် ဖြစ်ရပ်တည်နေခြင်းဖြစ်သည်။ သို့သော် ဤအဖွဲ့အစည်းမျိုးသည် အရင်းရှင်များကြီးစိုးသော အဖွဲ့အစည်း မျိုးဖြစ်သည်ဟုကား(လ)မာ့(စ) (Kark Marx, 1818 – 83) ကဆိုသည်။ ကား(လ)မာ့(စ) အဆိုအရ ကုန်ထုတ်လုပ်သူများသည် သူတို့၏ ကိုယ်ကျိုးအတွက် ဦးစားပေးမှု၏ တွန်းအားကြောင့် ပြည်သူ့အကျိုးကို မဆောင်နိုင်ဟူ၏။
          လူမှုရေးနယ်ပယ်တွင် မိဘနှင့်သားသမီး၊ ဆရာနှင့်တပည့်၊ ဆရာဝန်နှင့်လူနာတို့၏  ဆက်ဆံမှုတို့ သည် လုပ်ပိုင်ခွင့်ကို သာအလေးထားပြီး အာဏာမပါဝင်သောနယ်ပယ်များဖြစ်သည်ဟူ၍ လူမှုရေး ပညာရှင်များက ဆိုကြပြန်သည်။
          ဤဆောင်းပါးတွင် အာဏာ၊ အင်အား၊ လုပ်ပိုင်ခွင့်ဟူငော ဝေါဟာရများ၏ အဓိပပ္ပါယ်သတ်မှတ်ချက် များမှ စတင်ခဲ့ပြီ။ ဤသဘောတရားများနှင့်ပတ်သက်၍ နိုင်ငံရေးနှင့်လူမှုရေးပညာရှင်များဖြစ်ကြသော ရှုးစိုး၊ အေပြီကာတာ၊ ဘာဘရာဂွတ်ဒင်၊ တေလာ၊ မက်ဖါစန်၊ ကား(လ)မာ့(စ) တို့၏ အမြင်များကို ဖော်ပြထားပါ သည်။

ကျမ်းကိုး
John Hoffman and Paul Graham : Introduction to Political Theory (2006)
Carter, A : Authority and Democracy (1979)
Roussean : Social Contract (1760)
Taylar : Community, Authority and Liberty (1982)